~1~

10.2K 356 42
                                    

(Zawgyi)

တောင်ကိုရီးယားရဲ့ နာမည်ကြီးဖက်ရှင်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Spring ကုမ္ပဏီရဲ့ဥက္ကဌ Kim Namjoon တစ်ယောက် နွေရာသီအတွက်ထုတ်မယ့်ဖက်ရှင်အတွက် အစည်းအဝေးလုပ်နေရတယ်။ ဒီဇိုင်းအဖွဲ့ကတင်ပြပေးတဲ့ နမူနာတွေကိုကြည့်ပြီး Customer တွေကြိုက်နှစ်သက်မယ်ထင်တဲ့ ဒီဇိုင်းကိုရွေးချယ်ဆုံးဖြတ်နေတုန်းမှာပဲ စားပွဲပေါ်မှာတင်ထားတဲ့ ဖုန်းလေးကမီးလင်းလာခဲ့တယ်။

နံပါတ်ကိုကြည့်လိုက်တော့ အချစ်ရဆုံးတူလေးရဲ့ ကျောင်းကဆက်တာဖြစ်နေတာကြောင့် ဝန်ထမ်းတွေကို ခဏရပ်ဖို့ လက်ကာပြပြီး ဖုန်းကိုင်လိုက်တယ်။

"ဟုတ်ကဲ့ Kim Namjoon ပါ"

"........."

"ဗျာ ဟုတ်ကဲ့ ကျွန်တော်အခုချက်ချင်းလာခဲ့ပါမယ်"

ဖုန်းပြောပြီးပြီးချင်း လုပ်လက်စ အစည်းအဝေးကိုတောင်ဂရုမစိုက်နိုင်ပဲ မပြေးရုံတမယ်ခြေလှမ်းတွေနဲ့ထွက်သွားတဲ့ သူတို့ရဲ့ဥက္ကဌကြောင့် ဝန်ထမ်းတွေအားလုံးနားလည်လိုက်တယ်။ ဥက္ကဌရဲ့ တစ်ဦးတည်းသောတူ ငဆိုးလေး ပြဿနာရှာလိုက်ပြီဆိုတာကိုပေါ့။

Driver ကိုတောင် ခေါ်မနေတော့ပဲ Namjoon ကိုယ်တိုင် Seoul မြို့ရဲ့ နာမည်ကြီး အထက်တန်းကျောင်းဆီကို ကားမောင်းလာခဲ့တယ်။

သူရဲ့တစ်ဦးတည်းသောတူလေး Kim Taehyung တစ်ယောက် ကျောင်းမှာပြသာနာရှာပြန်ပြီဆိုတဲ့ စကားကြောင့် အလုပ်ကိစ္စတွေပစ်ထားပြီးထွက်လာခဲ့ရတယ်။ ငယ်စဉ်ကတည်းက မိဘတွေဆုံးရှုံးခဲ့ရသူလေးမို့ အလိုလိုက်အကြိုက်ဆောင်ပြီး ပိုးမွေးသလိုမွေးလာခဲ့ရတဲ့ ကလေးလေးက အခုတော့ အဆိုးလေးဖြစ်လာခဲ့တယ်။

ဒီကလေး ဒီလိုဆိုးရတာသူ့အပြစ်မကင်းတာကြောင့် ကောင်းကင်ပေါ်ကိုရောက်သွားတဲ့ အကိုနဲ့မရီးကိုခဏခဏတောင်းပန်မိတယ်။ ငယ်ငယ်ကတည်းက လိုချင်တာမှန်သမျှဖြည့်စည်းပေးပြီး ဦးလေးနဲ့တူဆိုတဲ့ဆက်ဆံရေးထက် ပေါ့ပေါ့ပါးပါး သူငယ်ချင်းလိုသာပေါင်းခဲ့တာမို့ သူဆိုဆုံးမသမျှစကားတွေကို Kim Taehyung တစ်ယောက်နားမဝင်ခဲ့။

အခုအချိန်ထိလည်း ဦးလေးဆိုတဲ့ အသုံးအနှုန်းကိုတစ်ခါမှ မသုံးပဲ သူ့ကိုခေါ်တာ Joon Joon တဲ့လေ။

Love is Messy (Completed) Where stories live. Discover now