~21~

1.7K 176 8
                                    

(Zawgyi)

"ယောက်ျားရေ...."

"ဦးရဲ့ကလေးလေး နိုးပြီလား... ဦးလာပြီနော်.... ခဏလေးစောင့်"

မနက်မိုးလင်းတာနှင့် အမြင်ကပ်စရာကောင်းလှသည့် အချစ်ငှက်နှစ်ကောင်၏အသံကို Namjoon ကြားလိုက်ရသည်။ မဟုတ်ဘူး တိတိကျကျပြောရရင်တော့ အချစ်ဆက်ရက်နှစ်ကောင်ဟု ပြောရလိမ့်မည်။

ဒင်းတို့နှစ်ယောက်ကြောင့် တစ်နေ့တစ်နေ့ အိမ်မှာနေရတာ စိတ်ချမ်းသာစရာတစ်ကွက်မှပင် မရှိပေ။ ဒီလောက်တစ်နေကုန်နီးပါး မြင်တွေ့နေရတာတောင် သူတို့နှစ်ယောက်တွင် ပြောစရာစကားများ တစ်ပုံတစ်ပင်ရှိနေတတ်သည်။ ပြောလိုက်ရင်လည်း ဘယ်လိုချစ်တာ ဘယ်ညာချစ်တာနှင့် နားကြားပြင်းကပ်လောက်အောင်ပင် ကြားနေရတတ်သည်။

အစကတော့ မင်္ဂလာဆောင်ပြီးလျှင် ထိုလင်လင်နှစ်ယောက် အမေရိကားကိုသွားကြမည်ဟုထင်ပြီး ဝမ်းနည်းမိခဲ့သေးသည်။ အချစ်ရဆုံးတူလေးနှင့်ခွဲရတော့မည်ဆိုပြီး စိတ်ထိခိုက်ကြေကွဲခဲ့ရသည်။ Tae က Joon Joon နှင့်မခွဲနိုင်ပါဘူးဟု ဆိုတော့ Namjoon အရမ်းဝမ်းသာခဲ့မိသည်။

ငါ့တူလေး ချစ်ဖို့ကောင်းလိုက်တာ လိမ္မာလိုက်တာဟုလည်း တွေးထင်မိသေးသည်။ အခုချိန်မှာတော့ ထိုအချိန်တုန်းက ဝမ်းသာခဲ့မိသည့် ကိုယ့်ကိုကိုယ် ရိုက်သတ်ချင်မိသည့်အပြင် ထိုလင်မယားနှစ်ယောက်ကိုလည်း အမေရိကားတင်မက ကမ္ဘာ့အပြင်ဘက်အထိရောက်အောင် ဆောင့်ကန်ချင်စိတ်ပင်ပေါက်မိလေသည်။

အခုပဲကြည့်လေ အိပ်ရာနိုးတာ ကိုယ့်ဘာသာထပါလား။ မဟုတ်ဘူး သူ့ယောက်ျားကိုလှမ်းခေါ်ပြီး သူ့ယောက်ျားနမ်းတော့မှ အိပ်ရာကထတတ်သတဲ့။ အရင်တုန်းက ဘယ်လိုများထခဲ့သလဲဟု မေးချင်ပေမယ့် ကိုယ့်တူဖြစ်နေတာကြောင့် စိတ်လျှော့ထားလိုက်ရသည်။ တခြားသူငယ်ချင်းလင်မယားတွေကို မြင်ဖူးတွေ့ဖူးခဲ့ပေမယ့် ဒီလင်လင်နှစ်ကောင်လောက် အမြင်ကပ်ဖို့ကောင်းသည့်စုံတွဲမျိုး မတွေ့ခဲ့ဖူးခဲ့ချေ။

"မနက်စာဘာချက်လဲ....ယောက်ျား"

"ယောက်ျားရဲ့အချစ်တုံးလေးကြိုက်တဲ့ ဟင်းတွေပဲချက်တာပေါ့"

Love is Messy (Completed) Kde žijí příběhy. Začni objevovat