~18~

2.1K 167 8
                                    

(Zawgyi)

အရင်ကတော့ ချစ်သူရည်းစားအတွဲတွေကိုတွေ့ရင် အမြင်ကပ်ပြီး မျက်နှာမဲ့နှာခေါင်းရှုံ့ခဲ့မိဖူးသည်။ ပိုလွန်းတယ် သဲလွန်းတယ်လို့လည်း ထင်ခဲ့ဖူးသည်။

အခုတော့ ကိုယ်တိုင်ချစ်သူထားဖူးကာမှ ချစ်သူရှိခြင်းဟာ သာယာပျော်ရွှင်ဖွယ်ကောင်းလှပါတကား ဟုရေရွတ်မိရလေသည်။ နေ့တစ်နေ့ရဲ့မနက်ခင်းကို ချစ်သူပို့တဲ့စာတိုလေးတွေကိုဖတ်ပြီး စတင်ရတာကိုက ပျော်ရွှင်နေမိသည်။

အချိန်တိုင်း ထမင်းစားပြီးပြီလား ရေချိုးပြီးပြီလားဟု သတိတရပို့တတ်သော စာလေးတွေကိုမြတ်နိုးမိသည်။ ညအိပ်ရာဝင်ခါနီးတိုင်း ချစ်တယ် လွမ်းတယ်ဟူသော စကားလေးများကိုနားထောင်ပြီးမှ အိပ်တတ်တာလည်း အကျင့်တစ်ခုလိုဖြစ်နေမိသည်။ နေ့စဉ်ကျောင်းဆင်းချိန်မှာလာကြိုတဲ့ ချစ်သူရဲ့မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ပြီး တစ်နေ့တာဖြတ်သန်းခဲ့ရပုံတွေကို ပြောရတာလောက် ကြည်နူးစရာကောင်းတာမရှိဟု Tae ထင်မိသည်။

အခုလည်း မနက်စောစောနိုးနေပေမယ့် မနက်တိုင်းပို့တဲ့ ဦးရဲ့ message လေးရောက်မလာသေးတာကြောင့် အိပ်ရာမှမထသေးပဲ စောင့်နေမိသည်။ စောင့်နေချိန်မှာ ဝင်လာခဲ့တဲ့ဖုန်းသံလေးကြောင့် ဖုန်းကိုအလျင်အမြန်ယူကြည့်မိပေမယ့် ချစ်ရတဲ့ဦး ဆက်တာမဟုတ်ပဲ Hobi hyung ဆီကဖုန်းဖြစ်နေခဲ့သည်။

"ဟဲလို"

"ဟဲလို.... Hyung ရဲ့ Tae Tae လေး နိုးနေပြီလား"

"ဟုတ်"

"ဒီလေသံနားထောင်ရတာ... မျှော်နေတဲ့သူဆီက ဖုန်းမဟုတ်ဘဲ Hyung ဆက်တာဖြစ်နေလို့ စိတ်ပျက်နေပုံရတယ်"

Tae ရဲ့စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ လေသံကို Hyung က သတိထားမိသွားပုံရသည်။

"Hyung က အစောကြီးဖုန်းဆက်လို့ အံ့သြသွားလို့ပါ"

"ထားလိုက်ပါတော့... ဟိုတစ်ခါ Tae လေးပြောဖူးတယ်လေ... Tae တို့နှစ်ယောက်အဆင်ပြေအောင် ကူညီပေးလို့ ကျေးဇူးဆပ်ချင်တယ်ဆို... အခုကျေးဇူးဆပ်လို့ရပြီသိလား"

"ဘယ်လိုကျေးဇူးဆပ်ရမှာလဲ Hyung ရဲ့"

"အဲ့ဒီအကြောင်းကို မနက်စာစားရင်း ပြောကြမယ်လေ... Hyung တို့သွားစားနေကျဆိုင်ကို ခဏနေထွက်လာခဲ့... ဟုတ်ပြီလား"

Love is Messy (Completed) Donde viven las historias. Descúbrelo ahora