~17~

1.8K 177 3
                                    

(Zawgyi)

လောကကြီးမှာ အပင်ပန်းဆုံးအလုပ်က စောင့်ဆိုင်းရခြင်းဟုထင်မိသည်။ Tae လေးဆီက အဖြေကိုစောင့်ဆိုင်းနေရသည့်သူ့အတွက် တစ်ရက် တစ်ရက်ကို တစ်နှစ်လောက်ကြာသည်ဟု ခံစားရသည်။

Tae လေးကိုအရမ်းတွေ့ချင်စိတ် ပြင်းပြနေပေမယ့်လည်း သူ့ရဲ့ခံစားချက်တွေကိုမျိုသိပ်ထားခဲ့သည်။ သူ Tae လေးအနားခဏခဏသွားရင် စိတ်ညစ်သွားမှာကို စိတ်ပူတာကြောင့် Tae လေးရှိရာအရပ်ဆီကိုခြေဦးတောင်မလှည့်ဖြစ်ခဲ့ပေ။ ဖြစ်နိုင်လျှင် Tae အနားကိုသွားပြီး Tae ကိုသူဘယ်လောက်ချစ်ရကြောင်း လွမ်းနေကြောင်းတွေ တဖွဖွပြောပြချင်မိသည်။

မတွေ့ရတာကြောင့် တွေ့ချင်စိတ်တွေပိုတိုးလာမိသည်။ သတိရလာတိုင်း ဖုန်းဆက်ဖို့ဖုန်းကိုကောက်ကိုင်မိပေမယ့် Tae အေးဆေးစဉ်းစားချင်လို့ ဒီရက်ပိုင်းအဆက်အသွယ်မလုပ်ပါနဲ့ဦးဟု Tae ပို့ထားသောစာကြောင့် သူဖုန်းတောင်မဆက်ဖြစ်ခဲ့ပေ။ ထိုစဉ်မှာပဲ သူ့ရဲ့ဖုန်း ringtone မြည်လာတာကြောင့် ကြည့်လိုက်မိတော့ သူချစ်ရတဲ့ သူ့ရဲ့ကလေးလေး ဆီကဖုန်းဖြစ်နေခဲ့သည်။

"ဟဲလို.... Tae လေး"

"ဦးလေး Jin... ဟိုတစ်ခါတုန်းက ဦးလေးနဲ့ Tae အတူထိုင်ခဲ့ကြတဲ့ ပန်းခြံလေးကို နာရီဝက်အတွင်း အရောက်လာပေးပါနော်"

"Ok Tae လေး..."

Tae လေးဖုန်းချသွားပြီဆိုတာနဲ့ သူအဝတ်အစားအမြန်လဲပြီး ချိန်းထားတဲ့ပန်းခြံကို ထွက်လာခဲ့လိုက်သည်။ ထိုပန်းခြံလေးမှာ Tae လေးကို ရင်ထဲမှာရှိတဲ့ခံစားချက်တွေအားလုံး ဖွင့်ပြောပြခဲ့ဖူးသည်။ သူရောက်သွားခဲ့တဲ့အချိန်မှာ Tae လေးလည်း ရောက်နေပြီဖြစ်သည်။ အရင်တစ်ခါ သူတို့နှစ်ယောက်အတူထိုင်ခဲ့ဖူးသည့် နေရာလေးမှာပဲ Tae လေးက သူ့ကိုထိုင်စောင့်နေခဲ့သည်။

"Tae လေး"

"ထိုင်လေ ဦးလေး Jin...."

Tae လေးက ဘေးနားမှာထိုင်ခိုင်းတာကြောင့် သူထိုင်လိုက်သည်။ အနားနားကပ်မိကာမှ သူ့ရင်ခုန်သံတွေဆူညံလာခဲ့ရသည်။

"ဦးလေး Jin...Tae ကိုချစ်တယ်ဆိုတာ သေချာပါတယ်နော်"

"သေချာတာပေါ့ Tae လေးရယ်... ဦးလေး Jin.. Tae ကိုအရမ်းချစ်ပါတယ်"

Love is Messy (Completed) Onde histórias criam vida. Descubra agora