~10~

1.8K 217 10
                                    

(Zawgyi)

ဆူညံနေသော ဖုန်း Alarm သံကြောင့် Jin အိပ်ပျော်နေရာမှနိုးလာခဲ့သည်။ ကျိန်းစပ်နေသော မျက်လုံးများကို အားယူပြီးဖွင့်ကာဖုန်းကို ကြည့်မိတော့ ၈နာရီထိုးနေပြီဖြစ်သည်။ ဒီနေ့ သူပြန်ဖို့စီစဉ်ထားခြင်းဖြစ်သည်။

Joon ကတော့သိထားပေမယ့် Tae ကိုတော့ မပြောရသေးပေ။ ကြိုပြောထားလျှင် Tae စိတ်ဆိုးနေမည်ကို သိနေသောကြောင့် ဒီနေ့မှပြောဖို့စိတ်ကူးထားခြင်းဖြစ်သည်။ Tae ကိုစဉ်းစားမိကာမှ မနေ့ညကအဖြစ်အပျက်များကို မျက်လုံးထဲပြန်မြင်ယောင်ကာ သတိရလာမိသည်။

သူ Tae အပေါ်တွင် အလွန်ကြီးမားသော အမှားကြီးတစ်ခုကိုပြုလုပ်ခဲ့မိပြီပဲ။ Tae သူ့ကိုခွင့်လွှတ်နိုင်ပါ့မလား။ သူအဆင်ပြေစေရန်အတွက် Tae က ကျေကျေနပ်နပ်လက်ခံခဲ့ပေမယ့်လည်း သူငြင်းသင့်လေသည်။

ဘာကြောင့်များ ကလေးအပေါ် ဒီလိုအမှားမျိုးကျူးလွန်ခဲ့မိရတာလဲ။ Joon သာသိရင်လည်း သူ့ကိုသူငယ်ချင်းစာရင်းကနေ ဖျက်ပစ်မှာသေချာလေသည်။ ဖြူစင်သော ကလေးတစ်ယောက်ကို သူအရောင်ဆိုးလိုက်မိလေပြီ။ တူသားတစ်ယောက်လို သဘောထားခဲ့သောကလေးကို အခုလိုပြုမူလိုက်မိသောကြောင့် သူ့ကိုယ်သူဒေါသထွက်မိသည်။

Tae ဘက်ကကြည့်လျှင်လည်း ကိုယ့်ဦးလေးလိုသဘောထားခဲ့သူက အခုလိုပြုမူလိုက်သည့်အပေါ် ဝမ်းနည်းပြီးစိတ်မကောင်းဖြစ်နေမည်မှာသေချာသည်။ လောလောဆယ် အရေးကြီးတာက Tae ကိုတောင်းပန်စကား ပြောရမည်ဖြစ်နေတာကြောင့် သူ ရေအမြန်ချိုးပြီး ထွက်လာခဲ့လိုက်သည်။ အခန်းအပြင်ထွက်ထွက်ချင်း Joon ကိုတွေ့လိုက်ရတာကြောင့် လှမ်းမေးလိုက်မိသည်။

"Joon.... Tae ရော"

"Tae ကျောင်းသွားပြီလေ.. သူငယ်ချင်းတွေနဲ့ချိန်းထားလို့ဆိုလား...  အစောကြီးသွားတယ်..."

သေချာပါတယ် Tae သူ့ကိုမ​တွေ့ချင်လို့ ရှောင်သွားပြီဆိုတာ။

"မင်း Tae ကိုပြောပြပြီးသွားပြီလား... Jin"

Jin အတွေးလွန်နေရာမှ Joon ရဲ့စကားသံကြားလိုက်ရတာကြောင့် ကပျာကယာပြန်ကြည့်မိသည်။

Love is Messy (Completed) Donde viven las historias. Descúbrelo ahora