~4~

2.1K 231 11
                                    

(Zawgyi)

"Joon Joon....!!"

"ဟင်...??"

"အိမ်ထောင်မပြုတော့ဘူးလား....ဟင်"

မထင်မှတ်ထားတဲ့မေးခွန်းကိုကြားလိုက်ရတဲ့အတွက် Namjoon အံ့ဩသွားသည်။ Tae ကိုကြည့်လိုက်တော့လည်း ကလေးတစ်ယောက်လို ဖြူဖြူစင်စင်နဲ့ တကယ်သိချင်နေသည့်ပုံပေါ်နေတာကြောင့် သူသက်ပြင်းတစ်ချက်ချလိုက်မိသည်။

"ဘာလို့မေးရတာလဲ Tae...??"

"Tae သိချင်လို့ပါ... Joon Joon မှာချစ်ရမယ့်သူများ ရှိနေလားလို့လေ"

"မရှိပါဘူး Tae ရယ်.... Joon Joon ဘဝမှာ Tae တစ်ယောက်ပဲ ရှိတယ်ဆိုတာ သိရဲ့သားနဲ့"

စိတ်ထဲမှာရှိတဲ့ အမှန်အတိုင်းဖြေလိုက်တော့ Tae စိတ်ချမ်းသာသွားပုံရသည်။ ဒါပေမယ့်လည်း ချက်ချင်းမျက်နှာညှိုးသွားပြီး....

"Joon Joon ရည်းစားရောမရှိဘူးလား... ထားဖို့ရောစိတ်ကူးမရှိဘူးလား... Tae အတွက်ကြောင့်နဲ့တော့ Joon Joon အထီးကျန်နေမှာ မမြင်ချင်ဘူး"

တကယ်ကို စိတ်မကောင်းဖြစ်တဲ့ပုံလေးနဲ့ ပြောလာတဲ့ Tae ကို Namjoon လှမ်းဖက်လိုက်မိသည်။ သူ Tae ရဲ့စိတ်ကိုနားလည်လေသည်။ Tae ဘဝတွင်တွယ်တာစရာဟူ၍ သူပဲကျန်တော့တာကြောင့် စိတ်ပူနေခြင်းဖြစ်နိုင်သည်။ တစ်ဖက်ကလည်း သူ့ကြောင့်ဦးလေးဖြစ်သူ ချစ်သူမထားနိုင်ပဲ အထီးကျန်နေရတယ်ဆိုပြီး စိတ်မကောင်းဖြစ်နေပုံရသည်။

"Joon Joon မှာ Tae ထက်ပိုပြီးချစ်ရမယ့်သူ မရှိ​သေးလို့ပါကွာ.... တကယ်လို့ရှိလာခဲ့ရင် Tae ကိုပြောပြမယ်.. ဟုတ်ပြီလား"

Joon Joon ပေးတဲ့အဖြေတိုင်းဟာ Tae ကိုစိတ်ချမ်းသာစေသော်လည်း ဦးလေး Jin ရဲ့စကားတွေ အကြည့်တွေကြောင့် သူစိတ်ပူမိသည်မှာ အမှန်ပင်ဖြစ်သည်။ တူဝရီးနှစ်ယောက်တည်းနှင့် နှစ်ယောက်တစ်ကမ္ဘာတည်ဆောက်ခဲ့သော ဘဝလေးကို သူစိမ်းတစ်ယောက်ကြောင့် မပျက်စီး​စေချင်သည်မှာ သူ့ဆန္ဒဖြစ်သည်။ သူကိုယ်တိုင်လည်း အချစ်ကိုမရှာဘဲ Joon Joon နှင့်တစ်သက်လုံးနေမည်ဟု စိတ်ကူးထား​လေသည်။

"ဟုတ်ပါပြီ Joon Joon ကိုယုံပါတယ်.... Tae ကြောင့် အနားယူတာပျက်စီးသွားရပြီ... Tae သွားတော့မယ်နော်"

Love is Messy (Completed) Hikayelerin yaşadığı yer. Şimdi keşfedin