~16~

1.8K 188 9
                                    

(Zawgyi)

တဖွဲဖွဲကျနေတဲ့မိုးစက်များက မှန်ပြတင်းပေါက်ဆီကို လာရောက်ထိမှန်နေသည်။ ဖွဲရာကနေ တဖြည်းဖြည်းပို၍ သည်းလာတဲ့မိုးတွေကို ငေးကြည့်နေမိသည်။ မိုးကအလွမ်းကိုတိုးပွားစေတဲ့စကားကို ယခုတော့ Tae လက်ခံမိခဲ့သည်။

အရင်ကဆို ယခုလိုမိုးသည်းသည့်အချိန်တွေမှာ စောင်ခြုံပြီးကွေးတတ်သည့် Tae ကယခုတော့ ချောကလက်ပူပူတစ်ခွက်ကိုသောက်ရင်း ဦးကို လွမ်းနေမိသည်။

ဦးကိုယုံကြည်သင့်လားဆိုသည့် အတွေးကိုနေ့တိုင်းတွေးနေမိသည်။ နေ့စဉ်နေ့တိုင်း ကျောင်းရှေ့လာပြီး Tae ကိုတောင်းပန်သည့် ဦးကိုသနားမိသည်။ဒါပေမယ့် ဦးကိုတွေ့တိုင်း ဦးနဲ့ဟိုမိန်းမရဲ့ပုံရိပ်များကိုသာ ပြန်မြင်ယောင်လာတာကြောင့် Tae ဦးကိုမျက်နှာချင်းမဆိုင်ပဲ မသိချင်ယောင်ဆောင်ခဲ့မိသည်။

ဦးကိုအရွဲ့တိုက်ပြီး Hobi Hyung နဲ့ပူးကပ်စွာနေပြခဲ့မိသည်။ Tae နာကျင်ခံစားခဲ့ရသလို ဦးကိုလည်း တစ်လှည့်ပြန်ပြီး ခံစားစေချင်သောကြောင့် လုပ်ခဲ့မိခြင်းဖြစ်သည်။ အလွမ်းထုထည်တွေကြီးမားလာတာကြောင့် အိပ်ရာပေါ်မှာတင်ထားတဲ့ ဖုန်းကိုလှမ်းယူပြီး အရင်ကဦးနဲ့အတူရိုက်ထားတဲ့ ဓာတ်ပုံတွေကိုပြန်ပြီးကြည့်မိသည်။ အရင်အချိန်ကပျော်ရွှင်မှုများက အခုအချိန်မှာ အိမ်မက်တစ်ခုအဖြစ်ကျန်ရှိခဲ့လေပြီ။

"Tae လေး...ထမင်းစားကြရအောင်"

"ဟုတ်ကဲ့... Joon Joon"

ဒီနေ့တော့ Joon Joon က ဘာစိတ်ကူးပေါက်သည်မသိ။ နေ့လည်စာကို ဆိုင်ကမှာမစားပဲ ကိုယ်တိုင်လက်စွမ်းပြထားလေသည်။ Tae ဝင်ကူပေးဖို့ပြောတာကို လက်မခံပဲ တစ်ယောက်တည်း ကြိုးစားချက်ပြုတ်နေခဲ့လေသည်။ တစ်မနက်လုံးကြိုးစားပမ်းစား ချက်ထားသည့်ဟင်းက ဘာများလဲဟု ထမင်းစားပွဲပေါ်စူးစမ်းကြည့်မိတော့ ကင်မ်ချီထမင်းကြော်ဖြစ်နေသည်။

မီးဖိုချောင်ထဲမှာ စစ်ဖြစ်နေသလိုဆူညံပွက်လောက်ရိုက်ပြီး ချက်ထားသည့်ဟင်းက နောက်ဆုံးတော့ ကင်မ်ချီထမင်းကြော်ဖြစ်နေတာကြောင့် Tae ရယ်ချင်သွားသည်။ ဒါပေမယ့်လည်း တစ်ခါမှဟင်းမချက်ဖူးတဲ့ Joon Joon ကကြိုးစားပမ်းစားချက်ထားသည့်ဟင်းဖြစ်နေတာကြောင့် မရယ်ရက်တော့ပဲ တစ်ဇွန်းခပ်၍မြည်းကြည့်လိုက်သည်။

Love is Messy (Completed) Hikayelerin yaşadığı yer. Şimdi keşfedin