~12~

1.7K 204 5
                                    

(Zawgyi)

တဖွဲဖွဲကျနေတဲ့ မိုးပေါက်များအောက် ထီးမဆောင်းဘဲ သူလျှောက်နေမိသည်။ ကျောပိုးအိတ်ထဲမှာထီးပါပေမယ့်လည်း သူမထုတ်ချင်ပေ။ အိမ်နှင့်ကားဂိတ်က သိပ်မဝေးတာကြောင့် သူခပ်သွက်သွက်သာ လျှောက်လာခဲ့ခြင်းဖြစ်သည်။ အိမ်တံခါး​ရှေ့ရောက်မှ အနည်းငယ်စိုနေတဲ့ ဆံပင်ကိုလက်နဲ့ခါလိုက်ရင်း တံခါးဖွင့်လိုက်မိသည်။

တံခါးဖွင့်ဖွင့်ချင်းမှာပဲ မြင်လိုက်ရတဲ့ သူ့ဘဝရဲ့ပထမဆုံး အချစ်ရဆုံးသူ။ မုန်းချင်ပေမယ့် မုန်းလို့မရနိုင်တဲ့သူ။

"Tae.... ပြန်ရောက်ပြီလား"

အပြုံးနဲ့နှုတ်ဆက်တဲ့ ဦးလေး Jin ကိုသူစိမ်းကားစွာနဲ့ကြည့်လိုက်မိပြီး အခန်းထဲပြေးဝင်လာခဲ့လိုက်တယ်။ အခန်းတံခါးကိုပါ lock ချလိုက်တာကြောင့် ဦးလေး Jin ကအပြင်ကနေ တံခါးကိုလာထုကာ အော်ခေါ်တော့သည်။

"Tae ရေ......ဦးလေး Jin ရှင်းပြပါရစေ.....
အခန်းတံခါးဖွင့်ပေးပါဦး"

"ဟင့်အင်း.... မကြားချင်ဘူး... ဘာမှမကြားချင်ဘူး"

နားနှစ်ဖက်ကိုတင်းတင်းပိတ်ပြီး Tae အော်လိုက်မိသည်။ ထွက်သွားတုန်းက ထွက်သွားပြီး အခုမှဘာလို့ပြန်လာတာလဲ။ သူ့စိတ်တွေ အနည်ထိုင်ပြီး တည်ငြိမ်စပြုလာတော့မှ ဘာကြောင့်ပြန်လာပြီး အနာကိုပြန်ဆွပေးရတာလဲ။ ဒီကိစ္စတွေအားလုံးကို အပြီးတိုင်မေ့လိုက်တော့မယ်လို့ဆုံးဖြတ်ပြီးချိန်မှ အချိန်ကိုက်ဘာလို့ရောက်လာရတာလဲ။ တည်ငြိမ်စပြုနေတဲ့ Tae ရဲ့စိတ်တွေကို ဦး ဆီမှာထပ်ပြီးယိုင်လဲအောင် မလုပ်ချင်ပါနဲ့တော့။ Tae ခံစားရလွန်းလို့အရမ်းပင်ပန်းနေပါပြီ။

အခုအချိန်မှာတော့ Tae ကိုတောင်းပန်လည်း Tae လက်ခံမှာမဟုတ်ပေ။ သူ့ကိုစိမ်းကားစွာ ကြည့်သွားတဲ့ Tae ဘယ်လောက်နာကျင်ဝမ်းနည်းရမလဲဆိုတာ သူသိပါတယ်။ ဖြစ်နိုင်ရင် Tae ရဲ့တစ်ဘဝလုံးကိုပါ တာဝန်ယူပေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ပြန်လာခဲ့ခြင်းဖြစ်သည်။ အခုတော့ Tae ကသူ့ကိုမျက်နှာချင်းတောင်ဆိုင်ချင်ပုံမရပေ။

Tae ရဲ့အပြုအမူတွေကြောင့် သူရင်ထဲနင့်နေအောင်ခံစားရပေမယ့် သူ Tae အပေါ်လုပ်ခဲ့သည့်လုပ်ရပ်တွေနှင့် ယှဉ်လိုက်လျှင်တော့ ဒီလောက်ကဘာမှမဟုတ်သေးပေ။ တဖြည်းဖြည်းခြင်းနဲ့သာ အချိန်ယူပြီး Tae စိတ်ပြေသွားအောင် လုပ်ဖို့စိတ်ကူးလိုက်သည်။ သူရောက်နေသည်ကို Namjoon တောင်မသိသေးပေ။ ဘယ်သူ့ကိုမှ အကြောင်းမကြားပဲ တိုးတိုးတိတ်တိတ်သာ ပြန်လာခဲ့ခြင်းဖြစ်သည်။

Love is Messy (Completed) Where stories live. Discover now