~11~

1.7K 202 6
                                    

(Zawgyi)

အိပ်မက်ဆိုးတစ်ခုကို ညတိုင်းမက်နေမိသည်။ အိပ်ရာကနေနိုးထလာသည့်အချိန်တိုင်း အိပ်မက်ဆိုးကလွတ်မြောက်ခဲ့ပေမယ့် ရင်ထဲကတင်းကြပ်နေသော နာကျင်မှုက လျော့မသွားပေ။

ဘဝမှာ ပထမဆုံးအကြိမ်ချစ်ခဲ့ရပါသော ကိုယ့်ရဲ့အချစ်ဦးနဲ့ ဒီလိုနာကျင်စရာ အဖြစ်အပျက်တွေနဲ့ အဆုံးသတ်သွားရလိမ့်မည်ဟု တွေးတောင်တွေးမထားမိခဲ့ပေ။ လွမ်းစရာရှိရင် နာစရာနဲ့ဖြေ ဟူသောစကားအတိုင်း သူ့ကိုလွမ်းမိတိုင်း ကိုယ့်အပေါ်သူလုပ်ခဲ့သည့်လုပ်ရပ်များကိုသာ ပြန်လည်တွေးမိသည်။

ဦး အဲ့လောက်ရက်စက်သွားမည်ဟုမထင်ခဲ့ချေ။ သူ့ဘက်ကဘယ်လိုပဲ လိုက်လျောခဲ့ပါစေ ဦး သူ့ကိုတောင်းပန်သင့်တယ်မလား။ ချစ်တဲ့စိတ်ကြောင့် လိုက်လျောခဲ့မိတာမို့ ဦးသာ တောင်းပန်စကားတစ်ခွန်းဆိုမယ်ဆိုရင် အရာအားလုံးကို သင်ပုန်းချေပြီး ခွင့်လွှတ်ပေးမှာပါလေ။

အခုတော့ ဦးက ရှောင်ပြေးသွားခဲ့တာကြောင့် သူစိတ်နာမိသည်။ ဦး သူ့ရဲ့စိတ်ခံစားချက်တွေကို နည်းနည်းလေးတောင် မရိပ်မိခဲ့ဘူးလား။ ဦး ပြန်သွားတဲ့နေ့ကစပြီး နေ့တိုင်း စားမဝင်အိပ်မပျော်ဖြစ်ခဲ့တာကို ဦး သိပါ့မလား။

ဘယ်အရာကိုမှ လုပ်ချင်စိတ်မရှိပဲ စိတ်နဲ့လူနဲ့မကပ်ဖြစ်နေတဲ့သူ့ကို ဦး နားလည်နိုင်ပါ့မလား။ စိတ်နာပြီး မုန်းပစ်လိုက်ချင်ပေမယ့် မုန်းလို့မရပေ။ Joon Joon ကအလုပ်တွေရှုပ်ပြီး သူ့ကိုဂရုမစိုက်နိုင်ဖြစ်နေတာကို ကျေးဇူးတင်ရမည်။ မဟုတ်ရင် တစ်ချိန်လုံး စိတ်နဲ့လူနဲ့မကပ်ဖြစ်နေတဲ့ သူ့ကို Joon Joon စိတ်ပူနေဦးမှာသေချာလေသည်။

"Tae... ဒီရက်ပိုင်း မင်းအရမ်းအတွေးလွန်နေတယ်နော်.... မင်းမပြောချင်တဲ့အကြောင်းကို ငါတို့အတင်းအကြပ်မပြောစေချင်ပေမယ့် အခုလိုမင်း ငေးမောမှိုင်တွေနေတာကို မြင်ရတော့
ငါတို့အကြောင်းအရင်းကိုသိချင်မိတယ်"

ထုံးစံအတိုင်း ဘယ်သူနဲ့မှစကားမပြောပဲ တစ်ယောက်တည်း ငေးမှိုင်နေတဲ့ Tae ကို Jungkook စိတ်ပူစွာပြောလိုက်မိသည်။ Tae ဒီလိုဖြစ်နေတာ တစ်ပတ်လောက်ကြာနေပြီမို့ သူရော Jimin ရော တော်တော်စိတ်ပူနေမိသည်။

Love is Messy (Completed) Where stories live. Discover now