"အ...အရှင်."
ယောင်ရမ်းကာခေါ်လိုက်ပြီးမှ
ကိုယ့်ပါးစပ်ကိုယ် လက်နဲ့နဲ့အမြန်အုပ်လိုက်မိသည်။
တကယ်ဆိုဒီနာမ်စားကလုံးဝကြီးခေါ်လို့မဖြစ်တာကို။အခြေနေက ငြိမ်သက်အေးစက်နေဆဲဖြစ်ပြီး လီရှန်းမှာသာ နှလုံးတို့ကအပြင်ထွက်ကျမတတ် ခုန်ပေါက်နေရသည်။ တစ်ခုခုပြောမလားဟူ၍ စောင့်ဆိုင်းခဲ့ပေမယ့်လည်း
အမည်မဖော်နိုင်တဲ့အကြည့်တွေနဲ့ပဲ ထိုသူကကြည့်နေခဲ့သည်တဲ့။ထိုအကြည့် ပုံမှန်ဖြစ်လွန်းနေသည်။
ဘယ်သူ့ကိုမဆို ဘယ်အရာကိုမဆို ဒီလိုပဲအေးစက်စက်မျက်ဝန်းတွေနဲ့
ဘာကမှမထူးဆန်းသည့် ဖြစ်ရပ်လိုမျိုးကြည့်နေတက်တာပင်ဖြစ်လိမ့်မည်။ထိုငြိမ်သက်တိတ်ဆိတ်မူက အချိန်တစ်ခုထိကြာသွားတော့ လူပ်ရှားနေတဲ့စိတ်တောင်ငြိမ်သက်လာရသည်။
တကယ်ဆိုဖြစ်သင့်တာက
ဘာလာလုပ်တာလို့တော့ မေးသင့်သည်မဟုတ်ပါလား။
ဘာဆိုဘာမှတစ်ခွန်းမဆိုပဲ အကြည့်နဲ့သာသတ်နေခဲ့သည်တဲ့။သူ့ဘက်ကစပြီး စကားဆိုလာမည့်အရိပ်ယောင်က ရေးရေးမှမပေါ်တာမို့... ဒီတိုင်းဆက်နေရင်လည်းမိုးပင်လင်းသွားလိမ့်မည်။
ထို့ကြောင့် တုန်လူပ်နေတဲ့စိတ်ကို အတိတ်နိုင်ဆုံးထိန်းချုပ်ရင်း...
"အ အာ..အဆောင်လွဲလာတာပဲ ခုပဲ
ထွက် ထွက်သွားတော့မလို့ပါ"အခြေနေက နည်းနည်းတော့ဗရုတ်သုက္ခနိုင်နေပေမယ့်လည်း ချင်းဖုန်းရွှမ်အပြုမူကြောင့် လူကကြက်သေသေရပြန်သည်။
ထွက်လမ်းတည့်တည့်အလယ်မှာရပ်နေတဲ့သူက ကိုယ်ကိုတစ်ခြမ်းစောင်းပေးလာသည်တဲ့။သဘောကတော့ ထွက်သွားဆိုသည့်သဘော။
ဘာလဲဆိုသည့်မေးခွန်းကိုသာ အကြိမ်ပေါင်းထောင်သောင်းမက အသံတိတ်အော်ဟစ်မေးနေခဲ့မိသည်။
တကယ်ဆိုဒီထက်ပိုပြီး နည်းနည်းလောက်ဖြစ်ဖြစ် ပြဿနာရှိရမှာမဟုတ်ဘူးလား။ဘာလို့လဲ ...
ဘာလို့ ဘာလို့ဒီတိုင်းပေးသွားရတာလည်း။လက်ကောက်ဝတ်ကိုပဲဖြစ်ဖြစ် ဆုပ်ဖမ်းထားပြီးတော့ ဘာလို့ဒီအဆောင်ထဲဝင်လာတာလဲလို့ ပြဿနာဖြစ်ရမှာမဟုတ်ဘူးလား။
ဒါက ဘယ်လိုတောင်အေးစက်စက်နိုင်မူကြီးလဲ။
ပြီးတော့စကားလည်းတစ်ခွန်းမှဆိုမလာခဲ့ပဲနဲ့။
YOU ARE READING
The frozen heart of the fire king (S-2) Completed
Fantasyပုံပြင်လေးပြီးသွားပြီးနောက်.......။ ပုံပြင်လေးပြီးသွားပြီးနောက်.......။