ပိုင်ဟွဲ့တောအုပ်.....။
"ဘယ်ကပြန်လာတာလဲ.."
အသံကဇောင်လိ့စီကထွက်ပေါ်လာခြင်းဖြစ်ပြီး အခန်းထဲခြေချချချင်း အမေးခံလိုက်ရခြင်းပင်။
ရင်းယာန်မျက်နှာမပျက်အောင် အတတ်နိုင်ဆုံးထိန်းကာဖြင့် စကားပြန်လိုက်ပေမယ့်လည်း အသံတို့ကမကြည်လင်နေမှာတော့အမှန်ပင်။
"ဘယ်ကလို့ထင်လို့လဲ"
အိမ်ရှေ့စံ၏ အောင့်သက်သက်အဖြေကြောင့် မယုံနိုင်ဖြစ်သွားရသူကတော့ ဇောင်လိပင်။
ကလေးမုန့်ပူဆာသလို အချိန်ပြည့်အနားမှာ ကပ်ချွဲနေခဲ့သည့်လူက ရုတ်တရက်ကြီးဒီလိုဖြစ်သွားတာကို ဘယ်သူကများမအံသြပဲနေနိုင်ပါမည်တဲ့လဲ။
ဇောင်လိ့မှာ ခက်ခက်ခဲခဲပင် ဟက်ခနဲအသံပြုရင်းဖြင့်
"ကောင်းကင်မြို့တော်က အခေါ်တော်လွတ်ရင်တောင်မှ အကြိမ်တစ်ထောင်လောက်နုတ်ဆက်ပြီးမှသွားတာလေ
အခုလို အသံတိတ်ပျောက်သွားတာဆိုတော့ တစ်ခုခုကိုများကြားသွားသလားလို့ပါ"အစကတော့ဖြင့် စိတ်ထဲမှာပဲထားမည်လို့ထားခဲ့ပေမယ့် ကျစ်ဖန်ရဲ့မှတ်ဉာဏ်ဇဝေဇဝါဖြစ်ခြင်းက ချင်းဖုန်းရွှမ်လက်ချက်ဖြစ်နိုင်ကြောင်း ရွှမ်နိနဲ့ပြောဖြစ်နေတုန်း အိမ်ရှေ့စံရဲ့အငွေ့သက်ကိုရလိုက်သလိုခံစားခဲ့ရတာကြောင့် စိတ်ကထင်နေသည်ဟုထင်ခဲ့ပေမယ့်လည်း အိမ်ရှေ့စံက ချက်ခြင်းကိုပိုင်ဟွဲ့တောကနေ ထွက်သွားသည်ထင်ရတာမို့ တစ်ခုခုကိုရိပ်မိထားသွားတွေးခဲ့မိသည်။
ယခုလည်းအိမ်ရှေ့စံမှာ ထိုစကားကြားတော့
သူခိုးလူမိဆိုသည်နှင့်တူလှစွာ အမူရာတို့ပိုမို့ပျက်ယွင်းလာကာ ဒေါသပိုထွက်လာလာသယောင်နှင့်..."ဘာကိုကြားရမှာလဲ
လျောက်တွေးမနေစမ်းပါနဲ့.."ဇောင်လိစိတ်ထဲကပဲထင်နေသည်လားတော့မသိ အိမ်ရှေ့မှာ စကားပြောနေပေမယ့်လည်း ဇောင်လိ့မကြည့်တွေကိုလွဲဖယ်နေလေသည်၊
ထိုကဲ့သို့ဖြစ်နေတဲ့ အိမ်ရှေ့စံရဲ့ပုံကပဲ ဇောင်လိ့အား အတွေးနက်အောင်ဆွဲဆောင်လွန်းတာမို့ ဇောင်လိမှာ အိမ်ရှေ့စံဘေးသို့ပြောင်းထိုင်လိုက်ရင်း ရယ်သံအနည်းငယ်နှောကာဖြင့် ...
![](https://img.wattpad.com/cover/220552957-288-k114154.jpg)
YOU ARE READING
The frozen heart of the fire king (S-2) Completed
Fantasyပုံပြင်လေးပြီးသွားပြီးနောက်.......။ ပုံပြင်လေးပြီးသွားပြီးနောက်.......။