လိပ်ပြာမျိုးနွယ်စုသည် ယခုရက်ပိုင်းတွေအတွင်း တီးတိုးသံတို့ဖြင့်ဆူညံနေသည်။
မျိုးနွယ်စုခေါင်းဆောင်တို့ဇနီးမောင်နှံ၏ ရောဂါအခြေအား ဖုံးဖိထားသည်ဆိုသည့်တိုင်
ရက်ကြာလာသည်နှင့်အမျှတစ်စတစ်စပေါက်ကြားလာသောကြောင့်ပင်။အခြေနေက ဘယ်လောက်တောင်များဆိုးဝါးလိုက်လဲဆိုရင်
ရက်နည်းငယ်အတွင်းမှာကို ရှီခေါင်းဆောင်နှင့်သူ့ဇနီးမှာ သတိမေ့မျှောသည့်အထိရောက်သွားပြီး တောင်ပံတို့မှာပုတ်အဲ့စပြုသည့် အနံ့သက်တို့ထွက်ပေါ်နေသည်ထိပင်။နဂါးမျိုးနွယ်ရဲ့ အရှင်ဖြစ်တဲ့ ရန်ချန်သွမ့်ကိုယ်တိုင်လာရောက်ပြီး
အစွမ်းထက်ဆုံးဆေးဝါးများနှင့် ကုသနေပါသော်လည်း အခြေနေမှာပို၍သာဆိုးလာနေသည်။ထို့ကြောင့် လိပ်ပြာမျိုးနွယ်စုရဲ့အကြီးကဲတွေက လီရှန်းအား မြန်မြန်လေး ခေါင်းဆောင်နေရာဆက်ခံသည့် ပွဲအခမ်းနားလုပ်စေချင်နေပေမယ့် လီရှန်းကတော့ဖြင့် သူ့မိဘတွေနေပြန်ကောင်းလာမည်ကိုပဲ
ယုံကြည်နေပြီး လက်မခံပေ။ဤအခြေနေတိုင်းဆိုလျှင် ရောဂါကတောင်ပံတို့ပုတ်ဆွေးပြီး သေဆုံးသွားဖို့ပဲရှိနေတော့သည်ကို
အကြီးကဲတွေအပါဝင်နဂါးမင်းကိုယ်တိုင်ကပါ လီရှန်းကိုမပြောနိုင်ကျသေးပဲ မီးနိုင်ငံတော်ကမိဖုရားရှီကိုသာ အရေးကြီးအကြောင်းကြားထားရသည့်အခြေနေပင်။ရန်ချန်သွမ့်မှာ ဒီရက်တွေအတွင်း မအိပ်မစားနှင့်မိဘတွေအနားပဲရှိနေသည့်လီရှန်းအား
စိတ်ပူလှသည်။
နှစ်တွေအကြာကြီးခင်လာခဲ့ရတဲ့ မိတ်ဆွေရှီသွုင်းမှာလည်း မကြာမှီမှာ ဒီဘဝကထွက်ခွာသွားရတော့မည်ကို သိနေသည့်တိုင်မသိစိတ်ကလက်မခံနိုင်သေး။ဘယ်လိုကြောင့်နဲ့များ ဒီရောဂါကဆိုးကြီးက ပြန်ပေါ်လာရတာလဲဟုသာအတွေးများနေရသည်။
သို့သော်လည်း ဤရောဂါက လိပ်ပြာမျိုးနွယ်စုရဲ့သွေးစီးဆင်းနေသည့်သူတိုင်း မည်သူမဆို မည်သည့်အချိန်မဆိုဖြစ်နိုင်သည်။
သို့ပေသည့် ထိုရောဂါငြိမ်သက်ခဲ့သည်မှာလည်း အတော်ကိုကြာနေပြီ။
ဖြစ်မည့်ဖြစ်တော့လည်း ဇနီးမောင်နှံနှစ်ယောက်လုံးဖြစ်သည်တဲ့။
![](https://img.wattpad.com/cover/220552957-288-k114154.jpg)
ESTÁS LEYENDO
The frozen heart of the fire king (S-2) Completed
Fantasíaပုံပြင်လေးပြီးသွားပြီးနောက်.......။ ပုံပြင်လေးပြီးသွားပြီးနောက်.......။