မီးနိုင်တော်ရဲ့နေ့ရက်တွေက နွေးထွေးစိုစွတ်ခဲ့ပေမယ့်လည်း ဒီနေ့လိုအချိန်မျိုးမှတော့ခြောက်သွေ့၍နေတော့သည်။စင်စင်တော့ ဒီနေ့ရဲ့အစောပိုင်းလေးကတောင်မှ မီးနိုင်ငံရဲ့လေပြေလေညင်းတွေက လှပနေခဲ့ပေမယ့်လည်း......
အသက်မပါတဲ့အပြုံးကိုပဲ လီရှန်းမချိစွာပြုံးရင်း သက်ပျင်းသဲ့သဲ့ချလိုက်ကာဖြင့်
စကားလုံးတချို့အားတိုးတိတ်စွာရေရွတ်လိုက်သည်။ဖြစ်နိုင်ရင်တော့ ဒီထက်ပိုပြီးအတ္တကြီးချင်တာပေါ့..
ချင်းဖုန်းရွှမ်ဆိုတဲ့သူက
ဒီလူ့ရဲ့အပိုင်ပါဆိုပြီး ....
ဘာကိုမှလည်းဂရုစိုက်မနေပဲနဲ့ တလောကလုံးကိုကြေညာလိုက်ချင်တာပေါ့...အဲလိုပဲဖြစ်သင့်တာမဟုတ်ဘူးလား....
ဘယ်သူမှမကြားနိုင်လောက်တဲ့ ထိုတိုးလွန်းလှတဲ့စကားတို့အဆုံးမှာတော့ အနွေးဓာတ်ပါတဲ့လေကိုတဝကြီးရူရိုက်ရင်း လီရှန်းအဆောင်သို့ပြန်လာခဲ့သည်။
လီရှန်းတည်းရာအဆောင်က
တိတ်ဆိတ်နေလျက်နှင့်..
သို့သော်လည်း အဆောင်ထဲတွင်တော့ လီရှန်းအားတစ်စုံတစ်ဦးကစောင့်ကြိုနေလေသည်။ဦးစွာအနေနဲအံသြမူကြောင့် မေးခွန်းထုတ်ဖို့ကိုမေ့နေခဲ့သည်ဆိုသော်လည်း မကြာလိုက်ပါပဲထိတ်လန့်မူကိုခံစားလာရသည်။
တကယ်ဆိုအိမ်ရှေ့စံနဲ့ကဒီဘဝမှာစကားတောင်တစ်ခါမှမပြောခဲ့ဖူးလေ။
ပိုင်ဟွဲ့တောအုပ်ထဲကအဖြူရောင်မိစ္ဆာဖမ်းသည့်အချိန်တုန်းကပဲမျက်နှာချင်းဆိုင်မိရုံလေးပဲကို
အဆောင်ထဲမသိအောင်ဝင်နေရမယ့်ဆက်ဆံရေးမှမဟုတ်တာပဲကို။လီရှန်းမှာတွေးရင်းနဲ့ပင်ထိန့်လန့်နေရင်း အမူယာကိုလည်းမဖုံးနိုင်မဖိနိုင်ဖြစ်နေရသည်။
မဟုတ်မှ အဲလိုတော့မဟုတ်ဘူးမလား...
"အိမ် အိမ်ရှေ့စံ..."
တုန်လူပ်စွာရေရွတ်မိတော့
အိမ်ရှေ့စံက ဟမ့်ခနဲ့အသံပြုလာပြီး
နုတ်ခမ်းဖျားအစွန်းတစ်ဖက်မှာလည်း
သိသိသာသာပင် ပင့်တတ်သွားလေသည်။
YOU ARE READING
The frozen heart of the fire king (S-2) Completed
Fantasyပုံပြင်လေးပြီးသွားပြီးနောက်.......။ ပုံပြင်လေးပြီးသွားပြီးနောက်.......။