သို့နှင့် လေးဦးသားသည်
ပိုင်ဟွဲ့တော၏အဝင်ဝသို့ ရောက်ရှိလာကျတော့သည်။
ပိုင်ဟွဲ့တောသည် ထွက်နေသည့်သတင်းဂုဏ်အင်နဲ့လိုက်ဖက်စွာကို ကြည့်လိုက်သည်နှင့် မကောင်းဆိုးဝါးတောအုပ်မှန်းသိသာနေသည်။တော၏အပြင်ဘက်ကနေကြည့်ရုံနဲ့တင် ခပ်မိုင်းမိုင်းဖြစ်နေကာ မိစ္ဆာအငွေ့သက်တွေကလည်း လိုင်လိုင်လျက်ထလျက်ပင်ရှိနေသည်။
ထို့ကြောင့်လည်း ဤသစ်တောသေကြီးလိုဖြစ်နေတဲ့ပိုင်ဟွဲ့တောကို လူသားတွေမဝင်ဝံ့ကျတာ နှစ်အတော်ပင်ကြာနေတာဖြစ်မည်။လီရှန်းမှာ ပိုင်ဟွဲ့တောအားကြည့်ပြီး အသက်ပင်မရူချင်တော့။
ကြောက်လွန်းလို့တော့မဟုတ် မြေခွေးမောင်နှမနှင့်တွေ့ရမည်ကို စိုးရိမ်နေမိခြင်းပင်။
အိမ်ရှေ့စံရဲ့သားတော်ဆိုသည့် ကလေးနဲ့တွေ့တုန်းက ထိုကလေးရဲ့စကားက
နောက်ပြောင်မူ သက်သက်သာဖြစ်နိုင်ပေမယ့်လည်း
အခုကမူလီရှန်းမှာ အရှင်နဲ့တကယ်အိပ်လာခြင်းဖြစ်တာကြောင့် အနံ့ခံကောင်းတဲ့မြေခွးမျိုးနွယ်တွေက အရှင့်အနံ့ကိုရနေမှာအသေချာပင်။သို့ဆိုလျှင် လီရှန်းမှာ
အမဖြစ်သူရဲ့ခင်ပွန်းနဲ့ဖောက်ပြန်နေသည့်
မကောင်းသည့်သူဖြစ်သွားမည်ပင်။
ူကိုယ်အပြောခံရတာက သိပ်ပြီးကိစ္စမရှိပေမယ့်လည်း
အမဖြစ်သူရဲ့သိက္ခာနဲ့ လိပ်ပြာမျိုးနွယ်စု၏သိက္ခာကရှိနေသေးသည်လေ။ထို့ကြောင့်လီရှန်းသည် တောရဲ့အပြင်ဘက်တွင်သာ နေခဲ့ဖို့ဆုံးဖြတ်လိုက်မိသည်။
"ဟိုလေ...အကိုတို့..
ကျနော် ဒီကနေပဲ စောင့်နေခဲ့တာကောင်းမယ်ထင်တယ်"ထိုစကားကြားတော့ တေါရဲ့အခြေနေကိုသုံးသပ်နေတဲ့ စစ်ကျိုးနဲ့ထျန်းအိုင့်မှာ ချက်ခြင်းဆိုသလို လီရှန်းအားလည့်ကြည့်လာလေသည်။
"မနေခဲ့ရပါဘူး ပိုင်ဟွဲ့တောက မိစ္ဆာမျိုးစုံရှိတဲ့ဟာကို တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ"
တကယ်ကိုလည်း ပိုင်ဟွဲ့တောက
အကိုရန်ပြောသလို မိစ္ဆာမျိုးစုံရှိသည့်နေရာမျိုးပင်။
ထို့ကြောင့် ဘယ်လိုနည်းနဲ့မှ လီရှန်းနေခဲ့ရမည်မထင်ပေ။
![](https://img.wattpad.com/cover/220552957-288-k114154.jpg)
YOU ARE READING
The frozen heart of the fire king (S-2) Completed
Fantasyပုံပြင်လေးပြီးသွားပြီးနောက်.......။ ပုံပြင်လေးပြီးသွားပြီးနောက်.......။