အချိန်က ညဘက်သို့ပိုမိုအားပါလာသည့် ညနေစောင်းကို ကျော်လွန်လာသည့်အချိန်ပင်။မီးနိုင်ငံတော်ရဲ့ နန်းတော်ကလမ်းတွေမှာ တိတ်ဆိတ်ဖို့စောလွန်းနေသေးပေမယ့်လည်း ထူးဆန်းစွာပင်ငြိမ်သက်လျက်ရှိသည်။
အရင်တချိန်နဲ့မတူညီတော့စွာ
ဤမီးနိုင်ငံတော်ရဲ့
တိုက်ခပ်နေတဲ့လေညင်းတို့ကစ
နွေးထွေးလို့နေသည်။ပူအိုက်စေသည့်မျိုးတော့လည်းမဟုတ်။
အေးသည့်အချိန်မှာ အထွေးပိုက်ခံရသလိုနွေးထွေးမူမျိုးမို့ သေချာခံစားကြည့်ပါက
ထိုလေညင်းတို့က
စိတ်ခံစားမူကိုပါပေးစွမ်းစေနိုင်သေးသည်။လီရှန်းမှာ အမဖြစ်သူ၏အဆောင်ထံမှပြန်လာနေခြင်းပင်။
အမဖြစ်သူ၏အဆောင်နဲ့
လီရှန်းတည်းရာအဆောင်မှာ အနည်းငယ်လှမ်းသလို အဆောင်တော်ခြင်းမှာလည်းကွာခြားလှသည်။အပြင်ဧည့်သည်တွေတည်းဖို့
အဆောင်တွေက သီးသန့်စီစဉ်ထားပြီး မီးနိုင်ငံတော်ရဲ့ဂုဏ်အင်နဲ့လိုက်ဖက်စွာ နှာတစ်ချက်ပင်မရူံ့ရလေအောင်
အကောင်းဆုံးဆိုတာတွေနဲ့ ဆင်ယင်ပေးထားပေမယ့်လည်း မိဖုရားတစ်ယောက်ကိုထားသည့်ပုံနှင့်တော့ ဘယ်မှာယှဉ်လို့ရပါ့မလဲ။မှန်းကြည့်လျှင်တောင် အရှင့်ရဲ့အဆောင်တော်နီးနီးလောက် ခမ်းနားတင့်တယ်ပြီး အခြွေရံတွေကလည်းများစွာခြံရံနေသေးသည်။
ဆိုရလျှင်အခြွေရံတွေက အရှင့်ထက်တောင်များနေသေးသည်။
လီရှန်းခပ်သဲ့သဲ့လေးပဲနာကျင်စွာပြုံးလိုက်နိုင်သည်။
တိတ်ဆိတ်နေတဲ့ပက်ဝန်းကျင်က အတွေးတွေကိုပိုနက်စေတာမို့ ခံစားချက်တွေကိုဖျောက်ရင်း
အဆောင်ကိုပြန်နေသည့်ခြေလှမ်းတို့ကို
အရှိန်တင်လိုက်မိသည်။တည်းရာအဆောင်နဲ့မလှမ်းမကမ်းအရောက်မှာ
နောက်ကခြေသံလိုလိုကြားမိသေးသည်။
တကယ်ဆို
အမဖြစ်သူအဆောင်ကပြန်လာထဲက တစ်ချက်တစ်ချက် ကြားမိပေမယ့်လည်း သစ်ရွက်လေတိုးသံတို့နဲ့ရောထွေးနေတာမို့ နောက်လှည့်မကြည့်မိခြင်းပင်။
YOU ARE READING
The frozen heart of the fire king (S-2) Completed
Fantasyပုံပြင်လေးပြီးသွားပြီးနောက်.......။ ပုံပြင်လေးပြီးသွားပြီးနောက်.......။