နောက်တစ်နေ့မနက်တွင်
ရှမ်းလုံမြို့ရှိ ဂူးထုစားသောက်ဆိုင်သို့ ရှန်းကူးအပါဝင် လေးယောက်သားရောက်လာကျလေသည်။ရှန်းကူးပြောသည့်အတိုင်းပင် ဂူးထုစားသောင်ဆိုင်ဆိုသည်က အကြီးကျယ်ဆိုင်မျိုးဖြစ်ပေမယ့်လည်း လာရောက်တဲ့သူတွေကတော့လူတန်းစားအစုံပင်။
ရှန်းကူးထပ်မံပြောပြလာတဲ့စကားအရဆိုလျှင် နွမ်းပါးသူကစ လာရောက်စားသောက်နိုင်တဲ့ထိ ဈေးနူန်းကသင့်တင့်ကာ
ရှမ်းလုံမြို့ရဲ့ လက်ရာအကောင်းဆုံးစားသောက်ဆိုင်တွေထဲက တစ်ဆိုင်လည်းဖြစ်နေသေးသည်။သို့သော်ယခုတွင်မူ
အချိန်ကစောနေသေးသည်မို့ထင်
ဆိုင်ထဲတွင်လူပြည့်မနေပေ။လေးယောက်သား ဆိုင်ရဲ့နာမည်အကြီးဆုံးဟင်းဖြစ်တဲ့
သိုးသားဟင်းဆိုသည်နှင့် တခြားစားကောင်းလောက်မည့်ဟင်းတွေလည်းမှာကာ ဟင်းလာအပို့ကိုစောင့်နေကျရင်း
ထျန်းအိုင့်ကစကားစလာသည်။"ညကစဉ်းစားမိတာလေ အဲဒီမိစ္ဆာကပြောပါတယ်
ရှမ်းလုံမြို့ထဲကများဖြစ်နေမလားမသိဘူးနော်"ထျန်းအိုင့်ပြောသည်ကလည်း မဖြစ်နိုင်ဘူးလို့ပြောလို့မရပေ
ရှမ်းလုံမြို့ထဲကပဲ သေတဲ့သူများနေတာမို့ မိစ္ဆာကဒီ့မို့တွင်ပုန်းအောင်းနေသည်လည်းဖြစ်နိုင်သည်။"သိချင်ရင်လွယ်ပါတယ်
မြို့က လူသေမူတွေခဏခဏဖြစ်နေတော့ စုံစမ်းမူတွေလုပ်ကျမှာပဲလေ "ရှန်းကူးထိုသို့ပြောလာရင်း ပြောပြောဆိုဆိုနှင့်ပင် စားပွဲထိုကောင်လေးတစ်ယောက်အား လှမ်းခေါ်လေသည်။
"ဝေ့...ကောင်လေး.."
ထိုစားပွဲထိုးလေးသည်နားလျင်ပုံရသည်။
စားပွဲဝိုင်းနားအပြေးရောက်လာရှာသည်။"လူကြီးမင်းတို့ ဘာများထပ်မှာချင်လို့လဲမသိဘူး"
ဒီကောင်လေးမှာ ဆိုင်ရဲ့တစ်ဖက်မှာရှိနေပေမယ့် အစားသောက်တွေမှာပြီးပြီဆိုတာကိုလည်း သိနေပုံရသည်။
ရှန်းကူးသည်အဓိပ္ပါယ်ပါပါပြုံးလိုက်သည်။
ဒီလိုလူမျိုးကမှ သတင်းတွေမေးလို့ကောင်းမည့်သူမျိုးပင်။
YOU ARE READING
The frozen heart of the fire king (S-2) Completed
Fantasyပုံပြင်လေးပြီးသွားပြီးနောက်.......။ ပုံပြင်လေးပြီးသွားပြီးနောက်.......။