part 3 unicode

3.3K 172 9
                                    

part 3

"အလင်​းရင်​့ မင်​းဘာလုပ်​တာလဲ...."

မိုးခြိမ်​းမာန်​သူ့ကိုယ်​​ပေါ်က​ကောင်​စုတ်​​လေးကိုအတင်​း
တွန်​းဖယ်​လိုက်​​တော့သည်​ ။အလင်​းရင်​့ အ​နောက်​သို့
ယိုင်​ခနဲတစ်​ချက်​ဖြစ်​သွား​ပေမဲ့အမြန်​ကိုယ်​ကိုထိန်​းကာ
ရပ်​လိုက်​ရ​တော့သည်​ ။

"အပြစ်​​ပေးတာ​လေ...."

"ဘာ....."

ခပ်​မဲ့မဲ့ပြုံးရင်​း​ပြောလာ​သောအလင်​းရင်​့ရဲ့စကား​ကြောင်​့မိုးခြိမ်​းမာန်​​ဒေါသထွက်​သွားရ​လေသည်​ ။

"ဘာလို့ရင်​့​ပြောစကားကိုနားမ​ထောင်​ရတာလဲ ခြိမ်​း..."

မျက်​နှာငယ်​​လေးလုပ်​ကာ​မေးလာ​သောအလင်​းရင်​့ရဲ့
ပုံစံကတစ်​စုံတစ်​ခု​ကြောင်​့ဝမ်​းနည်​း​နေဟန်​...။

"ခြိမ်​း......"

"........"

"မကြိုက်​ဘူးသိလား...."

ဆတ်​ခနဲသူ​မော့ကြည်​့လိုက်​​တော့အလင်​းရင်​့မျက်​ဝန်​း
ထဲတွင်​မျက်​ရည်​စ​လေးများရစ်​ဝိုင်​း​နေသည်​ကို​တွေ့ရ
​လေသည်​ ။ထိုသို့မြင်​ရပြန်​​တော့လည်​း သူ့ရင်​ထဲတွင်​
ဆစ်​ခနဲနာကျင်​သွားရ​လေသည်​ ။ဘာ​ကြောင်​့ဆိုတာ
ကို​တော့သူအ​ဖြေမရှာတတ်​​ပေ...။

"ခြိမ်​းအနားမှာတခြားမိန်​းက​လေး​တွေရှိ​နေတာကို
မုန်​းတယ်​ ခြိမ်​းတစ်​ခြားမိန်​းက​လေးတစ်​​ယောက်​ကို
ပြုံးရယ်​ပြီးစကား​ပြောတာကိုလည်​း မုန်​းတယ်​...."

သနားစရာမျက်​နှာ​ပေးက​လေးနှင်​့သူ့အားကြည်​့ပြီး​ပြော
​နေ​သောအလင်​းရင်​့ကိုသူဘာမှပြန်​မ​ပြောပဲဒီအတိုင်​း
​ငေးကြည်​့​နေမိသည်​ ။

"ခြိမ်​း ကတိ​ပေးပါ​နော်​ ​နောက်​တစ်​ခါရင်​့မဟုတ်​တဲ့
တခြားဘယ်​သူ့ကိုမှမရယ်​ပြမပြုံးပြပါဘူးလို့...."

မရယ်​မပြုံးပဲ​နေရ​အောင်​သူကစက်​ရုပ်​မှမဟုတ်​တာ...။
ငြင်​းဆန်​ရန်​ပြင်​လိုက်​​ပေမဲ့ထူးဆန်​းစွာပင်​​ခေါင်​းကအလို
လိုငြိမ်​့ကာကတိ​ပေးလျက်​သားဖြစ်​သွားသည်​ ။ထို​တော့မှ​ကောင်​စုတ်​​လေးရဲ့မျက်​နှာကပြန်​လည်​ဝင်​း
ပလာ​တော့​လေသည်​ ။

Because I Love ( Zawgyi & Unicode )Where stories live. Discover now