part 1
"အ ကျွတ် ကျွတ်...."
နိုးနိုးချင်းထိုးကိုက်လာသောခေါင်းကြောင့်သူနားထင်နားကိုလက်နှစ်ဖက်နှင့်အသာဖိထောက်ထားရသည် ။
"ဟင် ငါ ဘယ်ရောက်နေတာလဲ..."
အခုမှသတိထားမိသည် ။ယခုသူရောက်နေသော
အခန်းက သူ့အခန်းမဟုတ် ။အခန်းတစ်ခုလုံးထဲတွင်
သူအိပ်နေသောကုတင်တစ်လုံး နဲ့ စာရေးစားပွဲတစ်ခု
သာရှိလေသည် ။ကျန်တာဘာပ္စစည်းမှမရှိပေ ။"မင်္ဂလာပွဲ ဟုတ်တယ် မင်္ဂလာပွဲ ဘာဖြစ်သွားပြီလဲ
ဟာကွာ...."တကယ်ဆိုသူကမင်္ဂလာဆောင်ရတော့သတို့သား
လောင်းတစ်ယောက် ။မနေ့ကမင်္ဂလာပွဲအသွား
လမ်းမှဘာဖြစ်မှန်းမသိပဲသူမူးလဲသွားရလေသည် ။"မဖြစ်ဘူး မေမေတို့ငါ့ကို စိတ်ပူနေတော့မှာပဲ ငါပြန်မှ
ဖြစ်မယ်...."ရေရွတ်ရင်းသူထရန်ကြိုးစားလိုက်တော့သည် ။
"ချွမ်....."
"ဟင်...."
ဆူညံသံကြားလိုက်တာကြောင့်သူကိုယ့်အောက်ကို
ပြန်ငုံ့ကြည့်မိတော့သည် ။သံကြိုးတွေ....သူ့ခြေထော
က်နှစ်ဖက်လုံးကိုတုပ်နှောင်ထားသောသံကြိုးတွေ...။"ဒါ ဒါတွေက...."
"အော် နိုးနေပြီလား morning ခြိမ်း....."
ရင်းနှီးလှသောအသံကြောင့်သူလှည့်ကြည့်လိုက်တော့
တံခါးဝနားတွင်မှီရပ်ကာသူ့အားပြုံးကြည့်နေသော
ကောင်လေးတစ်ယောက်....။"အလင်းရင့်....."
"ဟို သံကြိုးတွေကြောင့် အနှောက်အယှက်ဖြစ်နေပြီ
လား ခြိမ်း sorryနော် ရင့်ကခြိမ်းထွက်ပြေးမှာစိုးလို့...""မင်း ဒါဘာလုပ်တာလဲ အလင်းရင့်...."
သူဒေါသဖြစ်ဖြစ်နဲ့အော်ပြောလိုက်ပေမဲ့အလင်းရင့်ဆို
တဲ့ပေါက်စကတော့ထီမထင်အပြုံးနဲ့သူ့အားစိုက်ကြည့်
နေလေသည် ။ဂုတ်ကျော်ကျော်လောက်ရှိသောငွေမင်
ရောင်ဆံနွယ်တွေကိုခပ်မြင့်မြင့်စုစည်းတားတာကြောင့်
ပန်းနုရောင်သန်းနေသောမျက်နှာနုနုလေးကရှင်းရှင်း
လေးပေါ်နေလေသည် ။ကာတွန်းရုပ်ပုံပါတဲ့T shirt
နှင့် အညိုရောင်ဘောင်းဘီတိုလေး တွဲဝတ်ထားသော
အလင်းရင့် ရဲ့ပုံစံလေးကကလေးဆန်သလိုချစ်ဖို့လည်း
ကောင်းလှသည် ။သို့သော် မိုးခြိမ်းမာန် ဆိုသည့်သူ့ရဲ့
မျက်လုံးထဲမှာတော့ အလွန့် အလွန် အမြင်ကပ်ဖို့
ကောင်းလွန်းလှပေသည် ။
JE LEEST
Because I Love ( Zawgyi & Unicode )
Romantiekလိုချင်တာကိုမရရအောင်ယူတတ်တဲ့တဇွတ်ထိုးဂျစ်ကန်ကန် ကောင်လေး နှင့် သူ့ရဲ့အချစ်တော်ခပ်ရိုးရိုးsmart boyလေး သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်....