part 4
ခြိမ်း....morning kiss ဆိုပြီးမနက်တိုင်းသူ့အားမရမ
ကလာလာနမ်းတတ်သောပေါက်စ....အခုချိန်ထိ သူ့ဆီရောက်မလာသေးပေ....
အချိန်ကား ၁၂နာရီထိုးတော့မည်....ဘာလို့အခုချိန်ထိ
ရောက်မလာသေးတာလဲဆိုတာ သူစဉ်းစားလို့မရ...မလာတာပဲ ကောင်းပါတယ်....စိတ်ထဲမှာထိုသို့တွေး
လိုက်မိပေမဲ့ မသိစိတ်ထဲမှာတော့ထိုကလေးကိုမျှော်
နေမိလေသည် ။ဝန်မခံချင်ပေမဲ့ ဒါ အမှန်တရားတစ်ခု...
"ခြိမ်း...."
နူးညံ့သောခေါ်သံတစ်ခုကြောင့်သူ့ရင်ထဲလှိုက်ခနဲတစ်
ချက်ဖြစ်သွားရသည် ။"ခြိမ်း...."
ဒုတိယအကြိမ်ထွက်လာသောခေါ်သံကြောင့်သူလှည့်
ကြည့်လိုက်တော့သည် ။"ဟင်...."
သူ့အားပြုံးကာကြည့်နေသော အလင်းရင့်...မျက်နှာ
နုနုချောချောလေးကဒဏ်ရာတွေဗလပွနဲ့....ကျောင်း
uniformတစ်ခုလုံးမှာလည်းညစ်ပတ်ပေရေလို့...."မင်း ဘာဖြစ်လာတာလဲ အလင်းရင့်..."
စိုးရိမ်တကြီးမေးလိုက်ပေမဲ့အလင်းရင့်ကသူ့ပုံစံကိုကြည့်ပြီးသဘောကျစွာရယ်လေသည် ။
"ငါမေးနေတယ်လေ...."
စိတ်မရှည်စွာအော်မိတော့ဒင်းလေးကဖြေးဖြေးပေါ့ဆို
သည့်သဘောနှင့်ကြည့်ကာ"ဘာမှမဟုတ်ပါဘူး အရင်ရန်စရှိတဲ့သူတွေနဲ့ ကွိုင်နည်း
နည်းနည်းတက်လာတာ...."ပေါ့ပေါ့ပါးပါးလေးပဲဖြေကာသူ့ဘေးနားဝင်ထိုင်လာသောအလင်းရင့်....
"မင်းပုံစံလည်းမင်းပြန်ကြည့်ဦး အလင်းရင့် လူတစ်ကိုယ်လုံးလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့...."
"ခြိမ်းကလည်း ရင့်ကမှတော်သေးတာ ဟိုဘက်က
ကောင်တွေဆိုအကုန်ထိပ်ပေါက်ခေါင်းကွဲတွေချည်းပဲ
ဟီးး...."
![](https://img.wattpad.com/cover/157234134-288-k117004.jpg)
YOU ARE READING
Because I Love ( Zawgyi & Unicode )
Romanceလိုချင်တာကိုမရရအောင်ယူတတ်တဲ့တဇွတ်ထိုးဂျစ်ကန်ကန် ကောင်လေး နှင့် သူ့ရဲ့အချစ်တော်ခပ်ရိုးရိုးsmart boyလေး သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်....