part 6
မိုးခြိမ်းမာန် ဆိုသောသူ့အတွက် အလင်းရင့် ဆိုသော
ကောင်လေးသည် တစ်နေ့တစ်မျိုးမရိုးလောက်အောင်
ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာများကို ဖန်တီးပေးလေ့ရှိ
သည် ။တစ်ခါတစ်လေ ဘာမှမလုပ်ပဲ သူ့ရင်ဘတ်ပေါ်
ခေါင်းလေးတင်ပြီး လာအိပ်တတ်လေသည် ။တစ်ခါ
တစ်ရံကျတော့ သူ့ရင်ခွင်ထဲမှာပဲ နေပြီး တစ်နေ့လုံး
မုန့်စားလိုက် ဂိမ်းဆော့လိုက် လုပ်နေတတ်ပြန်သည် ။အခုလည်း ဘာစိတ်ကူးပေါက်ပြန်သလဲ မသိ....
ရောက်ရောက်ချင်း ဘာမပြောညာမပြောနှင့် လူကို
ကုတင်ပေါ်သို့အတင်းတွန်းချလေသည် ။ပြီးတော့
ကိုယ်ကိုပက်လက်ဖြစ်အောင်လုပ်ပြီး ရင်ဘတ်ပေါ်
ခွထိုင်ကာ မျက်နှာအနှံ့အနမ်းတွေတရစပ်ကြဲချနေ
တော့သည် ။"အလင်းရင် မင်းဘာဖြစ်နေတာလဲ...."
သူ အလင်းရင့် ကိုအော်ရင်း ကိုယ်ပေါ်မှအတင်းတွန်း
ချကြည့်ပေမဲ့ ပေါက်စကလုံးဝဖယ်မပေးချေ ။အနမ်း
တွေကလည်း နှုတ်ခမ်းကနေ လည်ပင်းဆီသို့တရွေ့
ရွေ့ပြောင်းသွားလေသည် ။"အ...."
လည်ပင်းသားကို စုပ်နမ်းနေရာမှ ခပ်ဖွဖွကိုက်လာ
တော့ သူ မနေနိုင်စွာညည်းမိလေသည် ။အစကတော့
ရုန်းဖို့ကြိုးစားပေမဲ့ စိတ်ထဲမှာသာယာသလိုခံစားလာရ
တာကြောင့် သူမရုန်းမိတော့ ။"Hmm...."
ခြိမ်းဆီကညည်းသံသဲ့သဲ့ကြားရတာကြောင့် သူ အသာ
ပြုံးလိုက်မိသည် ။ရုတ်တရက် နမ်းတွေတာကို ရပ်
လိုက်ပြီး ခြိမ်းကိုမော့ကြည့်လိုက်တော့သည် ။"ခြိမ်း သဘောကျတယ်မလား...."
"မင်း...."
သူ့အပြောကြောင့် ခြိမ်း ရဲ့မျက်နှာနီရဲသွားသည်ကို တွေ့လိုက်ရသည် ။
"ခဏလေး မပြီးသေးဘူး ခြိမ်းကိုပိုစိတ်လှုပ်ရှားလာ
အောင် လုပ်ပေးဦးမှာ...."
VOCÊ ESTÁ LENDO
Because I Love ( Zawgyi & Unicode )
Romanceလိုချင်တာကိုမရရအောင်ယူတတ်တဲ့တဇွတ်ထိုးဂျစ်ကန်ကန် ကောင်လေး နှင့် သူ့ရဲ့အချစ်တော်ခပ်ရိုးရိုးsmart boyလေး သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်....