part 5 unicode

2.9K 177 7
                                    

part 5

အတိတ်​ကအ​ကြောင်​းအရာတစ်​ချို့​ခေါင်​းထဲပြန်​ဝင်​လာ
​တော့ မျက်​နှာမှာအပြုံးရိပ်​တို့ထင်​ဟပ်​သွားရပြန်​သည်​ ။
CCTVမှာ​ပေါ်​နေ​သော ခြိမ်​း ၏​ဒေါသထွက်​​နေဟန်​​လေး
ကို မြတ်​နိုးစွာကြည်​့​နေရင်​း ချစ်​ရသူဆာ​နေမည်​စိုးတာ
​ကြောင်​့ မနက်​စာအတွက်​ပြင်​ဆင်လိုက်​ေ​တာ့သည် ။

"ခြိမ်း breakfast...."

ဗန်းေ​​​လးတစ်​ခုကိုသယ်​ကာအခန်​းထဲပြန်​ဝင်​လာ​သော
အလင်​းရင်​့.....သူ မ​ကျေနပ်​စွာမျက်​နှာကိုတင်​းထားဆဲ
ပင်​ဖြစ်​သည်​ ။

"ခြိမ်​း မျက်​နှာကြီးကိုအဲ့လိုစူပုတ်​မထားပါနဲ့ ​တော်​ကြာ
ရုပ်​ဆိုးသွားဦးမယ်​...."

"ရုပ်​ဆိုး​တော့ဘာဖြစ်​လဲ မင်​းငါ့ကိုမကြိုက်​​တော့ဘူး​ပေါ့
ပို​တောင်​​ကောင်​း​သေး...."

"ရင်​့ကခြိမ်​းကိုကြိုက်​တယ်​လို့ ဘယ်​သူက​ပြောလဲ..."

"ဟင်​...."

ခပ်​တည်​တည်​​ပြောချလာ​သောအလင်​းရင်​့​ကြောင်​့ သူ့
ရင်​ထဲထိတ်​ခနဲဖြစ်​သွားရသည်​ ။

"ရင်​့ကခြိမ်​းကိုမကြိုက်​ပါဘူး ချစ်​တာ အရမ်​းချစ်​တာ
​ဟော့ဒီ့ရင်​ဘတ်​ကြီးထဲကနှလုံးသားနဲ့နက်​နက်​ရှိုင်​းရှိုင်း
ကိုချစ်တာ ခြိမ်​း ရုပ်​ဆိုးသွားလည်း ရင့်ရဲ့အချစ်​​တွေက
​ပြောင်​းလဲသွားမှာမဟုတ်​ဘူး...."

စကားတက်​လွန်​း​သော​ပေါက်​စ​ကြောင်​့ မိုးခြိမ်​းမာန်​
ရင်​ခုန်​သံ​တွေကိုအစိုးမရ​တော့....နှလုံးသား​လေးက
ရင်​ဘတ်​အပြင်​ကို​တောင်​​ပေါက်​ထွက်​​တော့မည်​့အလား ဝုန်​းဒိုင်​းကိုကြဲ​နေ​လေသည်​ ။မျက်​နှာကိုသကာရည်​
​လောင်​းချလိုက်​သလိုပီတိအပြုံး​တွေထိန်​းမနိုင်​သိမ်​းမနိုင်​ဖြစ်​​နေ၍ ​ပေါက်​စမြင်​သွားမည်​ဆိုးလို့ မျက်​နှာကို
တစ်​ဖက်​သို့လွဲထားရသည်​ ။

"ခြိမ်​း အခုထိရင်​့ကိုစိတ်​ဆိုး​နေတုန်​းပဲလားဟင်​...."

သူ့ကိုမကြည်​့ပဲမျက်​နှာလွဲထား​သောမိုးခြိမ်​းမာန်​​ကြောင်​့
အလင်​းရင်​့ စိတ်​မ​ကောင်​းဖြစ်​စွာ​မေးမိ​တော့သည်​ ။

Because I Love ( Zawgyi & Unicode )Donde viven las historias. Descúbrelo ahora