part 7
မနက် ၁၀ နာရီထိုးပြီ....
ခါတိုင်းဆို မနက်၇နာရီလောက်ကတည်းကရောက်
လာတတ်သော အလင်းရင့် တစ်ယောက်အခုထိ
ရောက်မလာသေးပေ ။သူ တံခါးဝကို တမျှော်မျှော်
ကြည့်ကာ စောင့်နေမိသည် ။ဘာလို့မလာသေးတာလဲ ကွာ....
ကိုယ့်အနားမှာရှိနေတုန်းကတော့ အကြိမ်ကြိမ်တွန်း
ထုတ်နေမိပြီး အနားမှာမရှိတော့တဲ့အခါကျ တမ်းတနေ
မိလေသည် ။"ကျွီ...."
တံခါးဖွင့်သံနှင့်အတူ အခန်းထဲသို့ဝင်လာသော အလင်း
ရင့်...."morning ခြိမ်း...."
"မင်းဘာလို့နောက်ကျနေတာလဲ...."
"အိပ်ရာထနောက်ကျလို့ပါ ဆောရီး ခြိမ်း ဗိုက်ဆာနေ
ပြီလား ရင့် တို့ဟူးနွေးဝယ်လာတယ်...."သူ အလင်းရင့်ကိုသတိထားကြည့်မိသည် ။အလင်းရင့်
တစ်ယောက် အခန်းထဲရောက်ကတည်းက သူ့ကို
နည်းနည်းမျှစောင်းမကြည့် ။မျက်နှာကိုတစ်ဖက်သို့
လွဲထားပြီး သူ့အလုပ်ကိုသာသူလုပ်နေလေသည် ။ကိုယ့်ကို စိတ်ဆိုးသွားတာလား....ကလေးရယ်
"အလင်းရင့်...."
"ဗျာ...."
သူ ခေါ်တာကိုထူးတော့ထူးပေမဲ့ လှည့်တော့မကြည့်...
သူ့စိတ်ထဲ မကျေမနပ်ဖြစ်သွားရသည် ။"အလင်းရင့်...."
ခပ်ဆောင့်ဆောင့်အော်ခေါ်လိုက်တော့ အလင်းရင့်
ကိုယ်လေးတောင့်ခနဲဖြစ်သွားသည်ကို သူ တွေ့လိုက်
ရသည် ။"အလင်းရင့် ငါ့ကိုကြည့်စမ်း...."
တဖြေးဖြေးလှည့်ကြည့်လာသော အလင်းရင့် ရဲ့မျက်
နှာလေးကို မြင်လိုက်ရတော့ သူရင်ထဲမကောင်းဖြစ်
သွားရသည် ။ညိုးငယ်နေသောမျက်နှာလေးကအနည်း
ငယ် သွေးမရှိသလိုဖြူဖတ်ဖြူရော်ဖြစ်နေလေသည် ။
အမြဲတမ်းလိုလိုနီရဲနေတတ်သောနှုတ်ခမ်းပါးလေးက
လည်း ရေဓာတ်ကင်းမဲနေသလိုအတန်ငယ်ခြောက်
သွေးဖြူရော့နေသည်ကို သတိထားလိုက်မိသည် ။
YOU ARE READING
Because I Love ( Zawgyi & Unicode )
Romanceလိုချင်တာကိုမရရအောင်ယူတတ်တဲ့တဇွတ်ထိုးဂျစ်ကန်ကန် ကောင်လေး နှင့် သူ့ရဲ့အချစ်တော်ခပ်ရိုးရိုးsmart boyလေး သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်....