part 8 unicode

2.9K 144 0
                                    

part 8

" ကိုကို "

ဟင်​ .... နားထဲကြားလိုက်​ရ​သော အသံသဲ့သဲ့​ကြောင်​့
သူ လှဲ​နေရာမှ ဆတ်​ခနဲထကာ လှည်​့ကြည်​့လိုက်​​တော့
သည်​ ။သူနဲ့ခပ်​လှမ်​းလှမ်​းတွင်​နံရံကို​ကျောမှီကာထိုင်​ပြီး
ဖုန်​းကလိ​နေ​သော အလင်​းရင်​့...။

" က​လေး ခုနက ကိုယ့်​ကို ဘယ်​လို​ခေါ်လိုက်​တာလဲ..."

"ဟင်​ ဘယ်​လိုမှ​ခေါ်ပါပု...."

ပြူး​ကြောင်​​ကြောင်​​လေးပြန်​ကြည်​့ကာ သူ့ကိုပြန်​​မေး
လာ​သော အလင်​းရင်​့ရဲ့ပုံစံ​လေး​ကြောင်​့ မိုးခြိမ်​းမာန်​
အသည်​းယားသွားရ​တော့သည်​ ။

ဒါ သက်​သက်​ရူးချင်​​ယောင်​​ဆောင်​တာ....

"​ခေါ်ပါတယ်​ကွာ ကိုကို ဆိုပြီး​တော့​လေ ကိုယ်​​သေချာ
ကြားလိုက်​ပါတယ်​...."

"ဘယ်​တုန်​းက​ခေါ်လို့လဲ ​ခေါ်ပါပုဆို...."

မရမက အရူးကွက်​​နင်​း​နေ​သော က​လေး​ပေါက်​စ​ကြောင်​့ သူ အသည်​းယားလွန်​းလို့ သည်​းမခံနိုင်​​တော့သည်​့အဆုံး အနားသို့တိုးသွားကာ
က​လေး​ပေါက်​စကို​ပေါင်​​ပေါ်သို့ဆွဲတင်​လိုက်​​တော့သည်​ ၊

"က​လေး​နော်​ ကိုယ်​့ကိုအရူးမလုပ်​နဲ့...."

"အယ်​ ဘယ်​မှာလုပ်​လို့လဲ...."

"​အော်​ မင်​း​လေးကအဆုံးထိဝန်​မခံဘူး​ပေါ့ ဟုတ်​လား
က​လေးစုတ်​​လေး...."

"Omm ​ပြောပု လုံးဝပဲ ခြိမ်​းအစုတ်​ပလုတ်​...."

"ရတယ်​​လေ အဲ့ဒီလိုဆိုရင်​လည်​း...."

"အား ခြိမ်​း မလုပ်​နဲ့​နော်​ ယားတယ်​ ခြိမ်​း​နော်​ ခခ်​....."

သူ ရင်​့ရဲ့ကိုယ်​​လေးကိုချုပ်​ကာ ရင်​့ရဲ့အားနည်​းချက်​
ဖြစ်​​သော ခါး​လေး​တွေကို အတင်​းကလိလိုက်​ထိုး​တော့
သည်​ ။ရင်​့က​တော့ ကိုယ်​​လေးတွန်​့လိမ်​ကာ ​အော်​ဟစ်​
ရင်​း သူ့လက်​ထဲက​နေအတင်​းရုန်​း​နေ​လေသည်​ ။

"ခြိမ်​း မလုပ်​နဲ့ဆို ခခ်​ ယားတယ်​...."

"အဲ့ဒါဆို ဝန်​ခံ​လေ ကိုယ်​့ကို ကိုကိုလို့​ခေါ်...."

Because I Love ( Zawgyi & Unicode )Donde viven las historias. Descúbrelo ahora