"နန်းတော်ဝန်းထဲရောက်နေပြီ
နန်းတော်ကိုမသိတာအံသြပါ့"
ရွှေစာရဲ့တီးတိုး ပြစ်တင်သံ
ဘွားတော်ရွှေစာစကားကြောင့် လှမ်းပြီး
မျက်စပြစ်ဟန့်တားလိုက်လေသည်
"ကဲကဲ အဲ့ဒါဆို ရွှေစာ အခန်းတစ်
ခန်း လုပ်ပေးလိုက် ရေအရင်ချိုးပြီး
စားဖို့သောက်ဖို့ပါတခါ
တည်းပြင်ပေးလိုက်"
"မြေးလေး ပေါ်ပေါ်လဲ ပြန်တော့ရပြီ"
"ပြန်မယ် လာမော့ချီ"
ဝမ်ရိပေါ်ပြန်မယ်သာပြောတာ
စိတ်ကတော့ အညစ်တုန်းကို
မကျေနပ်ပေ
တိုတိုပြတ်ပြတ် အာဏာသံရဲ့
နောက်ဆက်တွဲ ကြားလိုက်တဲ့ နာမည်
ကြောင့် မော့ချီ ဆိုတဲ့ လူကို အမိအရ
လှမ်းကြည့်လိုက်သည် ပေါ်ပေါ်ဆိုတဲ့
ဟိုလူနောက်လိုက်သွားတာမို့
နောက်ကျောဘဲ မြင်လိုက်ရပေမဲ့
ဒီတစ်ယောက်မေးကြည့်ရင်
တော့တစ်ခုခု သိရလောက်သည်
"ရွှေ ရွှေ "
"ရွှေစာပါအပြည့်စုံခေါ် "
"ရွှေစာ ခုနက လိုက်သွားတဲ့
မော့ချီဆိုတဲ့လူက
ဒီမှာဘာလုပ်တာလဲ ဟင်"
"မော့ချီက မယ်တော်ကြီးရဲ့ လူယုံလေ"
"မယ်တော်ကြီးဆိုတာက"
"ခုနက ဝမ်မင်းသားလေးရဲ့
မယ်တ်ာကိုပြောတာ"
"ဟင် ဒါဆိုသူက ဝမ်မင်းသားလေး
ဝမ်ရိပေါ်ဆိုတာလား"
"ဟယ် ကိုယ့်တိုင်းပြည်ရဲ့ ရှင်ဘုရင်
မျက်စီရှေ့ရောက်နေတာတောင်
မသိတဲ့ နင် တော်တော်တုံးတာဘဲအေ့
လာငါနဲ့လိုက်ခဲ့ နင့်အခန်းလိုက်ပို့
ပေးမယ် ရွှေအ "