တီ တီ
"ဟဲလို မော့ချီ ပြော "
"ရှောင်မေ အခြေနေက ထူးခြားနေပြီ"
"ဘာဖြစ်လို့လဲ မော့ချီ"
"ဒီနေ့. နန်းတော်ထဲကို အားရှန်
ပြန်ရောက်လာပြီ ဝမ်မင်းသားလေး
က သူ့ကို လူယုံတော် ရာထူးကို
ခန့်လိုက်တယ် ငါကတော့ မယ်တော်
ကြီးလီလီ ဆီ သွားရတော့မယ်
နောက်ဆိုရင် ငါနင့်ကိစ္စထဲ
ဝင်ပါလို့ရမှာမဟုတ်တော့ဘူး"
"အင်းရပါတယ် "
"ညကျရင် ငါတို့ တွေ့ရအောင်
မော့ချီ"
"အင်း အခြေနေကြည့်ပြီးလာခဲ့မယ်"
"ဒါဘဲနော် ရှောင်မေ"
မော့ချီ ဖုန်းချသွားလေသည်
"အားရှန်"
ပန်းချီထဲအာရုံစိုက်နေသော
အားရှန် မကြားပေ ဝမ်ရိပေါ်
ထပ်ခေါ်ပြန်သည်
"အားရှန် "
ဟော မကြားပြန်ဘူး ဝမ်ရိပေါ်
စာအုပ် ဖတ်နေရာမှ ထပြီး အနား
ကိုလျှောက်လာသည် နားနားလေး
ကို ကပ်ပြီး
"လူကြီးမင်း ရှောင်ကျန့် ရား"
"အံမလေး " လန့်ပြီး အားရှန်
လှည့်ကြည့်လိုက်ချိန်မှာဘဲ
ငုံပြီးခေါ်နေတဲ့ ဝမ်ရိပေါ်
မျက်နှာသို့်ထိပ်တိုက် ထိတွေ့
လာသော နူတ်ခမ်းတစ်စုံ
ရုတ်တရက်ကြောင်ပြီး
မျက်လုံး အဝိုင်းသားဖြစ်သွားသော
အားရှန့်
"အား ဝမ်မင်းသားလေး ဘာ ဘာ
လာလုပ်တာလဲ"
အရမ်းနီးကပ်လွန်းတဲ့ အကြည့်
တစ် ချက်ကြောင့် စကားတွေထစ်
ပြီးရှက်သွားတဲ့ အားရှန့်
