အားရှန့်ကို အထူးတပ်ဖွဲ့ဝင်
လေ့ကျင်းရေး စုစည်းရာနေရာသို့
ခေါ်လာကြသည် အထူးတပ်ဖွဲ့ဝင်
တွေအားလုံး အသင့်အနေအထားဖြင့်
တန်းစိရပ်နေကြသည်
ထိုစဉ် သေနတ်သံတစ်ချက်
က ကျယ်လောင်စွာပေါ်ထွက်လာပြီး
အားရှန့် ရှေ့သို့ ခန္ဒာကိုယ်တစ်ခု
က ချက်ချင်း ဆိုသလို ဝင်ရောက်
တိုက်ခိုက်လေသည်
လေ့ကျင့်ပြီးသားဖြစ်တဲ့ အားရှန်ကလဲ
လျှင်မြန်စွာ ထိုလူကို ပြန်လည်
ခုခံရာ ထိုလူရဲ့ လက်ကို လှန်ပြီး
ထိန်းချုပ် နိုင်ခဲ့သည်
ဟင် မော့ချီပါလား ဟုတ်ပါတယ်
အားရှန်လက်ထဲမလွတ်နိုင်အောင်
ထိန်းချုပ်ထားတဲ့သူက မော့ချီပင်
ဖြစ်သည် ရုတ်တရက် မျက်လုံးထဲမှာ
ချိန်ချိန်ကို မြင်ယောင်သွားသည်
ငိုသံတွေလဲ နားထဲ ဝင်ရောက်လာချိန်
မော့ချီကို အသေ သတ်ချင်တဲ့
ဒေါသစိတ်ရိုင်းတို့က ချက်ချင်း ဝင်လာ
ကာပိုပြီးတင်းကြပ်အောင်ချုပ်နှောင်
ထားမိလိုက်သည်
"အား အား "
"အားရှန် လွတ်လိုက်တော့"
ရုတ်တရက် ဝမ်ရိပေါ်ရဲ့ အသံကြား
တော့မှ အသိစိတ်ပြန်ဝင်လာပြီး
မော့ချီကို လွတ်ပေးလိုက်တော့သည်
ထိုစဉ်"ဖြောင်း ဖြောင်း"
လက်ခုပ်သံနှင့်အတူ
"အားရှန် မင်းအရမ်းတိုးတက်
လာတယ် ၃ လအတွင်းမှာ မင်း
အရမ်းပြောင်းလဲသွားတယ်
ဒီနေ့ကစပြီး ငါ့လူယုံအဖြစ်
ငါ့ဘေးမှာနေရမယ် ငါဘယ်သွားသွား
လိုက်ရမယ် ငါသေဆိုသေရမယ်