နောက်တစ်နေ့
အားရှန် မနက်အိပ်ယာ ထထချင်းပင်
အမ ချိန်ချိန်ကို သတိရ သွားတာကြောင့်
ဖုန်းဆက်လိုက်လေသည်
"ဟဲလို ချိန်ချိန် နေကောင်းလား
အဆင်ပြေလား ယန်ယန် ကကော
ဂရုစိုက်ပေးရဲ့လား အစားအသောက်
ကောအဆင်ပြေရဲ့လား"
"ကဲ အားရှန့်. နင့်မေးခွန်းတွေကလဲ
များလိုက်တာ ဘယ်က
စဖြေရမှန်းတောင်မသိတော့ဘူး"
"အဲ့တာဆို အဆင်ပြေလားက
စဖြေ"
"အင်း ပြေတယ် အားရှန့်. ယန်ယန်
ကလဲ အရမ်းဂရုစိုက်တယ်
အစားအသောက် အနေအထိုင်
အားလုံး ok တယ် ကဲ ဘာထပ်
သိချင်သေးလဲ"
"အေးပါ နင် အဆင်ပြေရင်ပြီး
တာဘဲ ယန်ယန်ဆီ ရောက်ရင်
အဆင်ပြေမယ်ဆိုတာ ငါလဲ
အစကတည်းက သိပါတယ်"
"အားရှန့် ငါမေးအုံးမယ် နင်နဲ့
ယန်ယန်ရဲ့ ဆက်ဆံရေးက
ဘယ်လိုလဲ"
"ငါတို့က ရိုးရိုးသားသား
သူငယ်ချင်း တွေလေ ဘာလို့လဲ"
"နင့်ဘက်ကသာ ရိုးသားတာ
ယန်ယန် ဘက်က မရိုးလောက်ဘူး
နော် ငါက မိန်းကလေးချင်းဆိုတော့
သိတယ်လေ"
"နင်ကလဲ ထင်ရာဇွတ်ပြောမနေနဲ့
ဒါဘဲ နင်အဆင်ပြေလားမေးကြည့်တာ
ပြေတယ်ဆိုပြီးပြီး"
"ဟဲ့ အားရှန့်. ငါစကားမဆုံး
သေးဘူးလေ"
စကားတောင်မဆုံးသေးဘူး
ချသွားပြန်ပြီ အခုထိလဲရီးစား
မထားဘူးသေးဘူး မိန်းမကော
ယူပါအုံးမလား ငယ်ငယ်ကတည်းက
ယောကျာင်္းလေး ဆိုပေမဲ့သူ့ပုံစံက
