part 19

3.1K 159 19
                                    

မော့ချီဆေးရုံထဲသို့ ဦးတည် လာခဲ့သည်

"ဆရာမ ချိန်ချိန် ဆိုတဲ့ နာမည်နဲ့
ဆေးရုံတတ်နေတဲ့လူနာအခန်း
နံပါတ်ဘယ်လောက်လဲမသိ
ဘူးနော်"

"အော် ဟုတ်ကဲ့ခန လေးနော်
ကြည့်ပေးပါ့မယ်"

ဆေးရုံမှ နာစ့်မလေးက ဖိုင်တွေကို
တစ်ရွက်ချင်းလှန်ပြီး ရှာပေးနေသည်

"ဟုတ်ကဲ့ရှင် အခန်းနံပါတ် ၂၂
မှာပါ "

"ကျေးဇူးပါနော်"

အခန်း ၂၂ ရှိရာသို့ မော့ချီ
ထွက်လာခဲ့လေသည် ရင်တွေလဲ
တုန်နေသည် တကယ်ဖြစ်နေမှာ
ကြောက်နေတာလားစိုးရိမ်နေတာ
လားသေချာမခွဲခြားတတ်ပေ
တစ်ခုဘဲစိုးရိမ်သည် တကယ်ဖြစ်ခဲ့
ရင်တောင်ကလေးနဲ့ချိန်ချိန်က သူ့
ရဲ့တတ်လမ်းတွေပို ပိတ်ပြစ်နိုင်
တဲ့အတားအဆီးတွေ

တံခါးကို တွန်းဖွင့်လိုက်တဲ့ လက်တွေနဲ့
အတူ အံအားသင့်ဖွယ်ရာမြင်ကွင်း
တင်မာသွားတဲ့မော့ချီရဲ့မျက်နှာ

ချိန်ချိန် ကလေးကို ချီပြီး နို့တိုက်နေ
ရာမှ တံခါးပွင့်လာတာကြောင့်
ယန်ယန်အမှတ်နှင့်

"ယန်ယန် လုပ်ပါအုံး ကလေး
အီးအီးတွေပါချနေပြီ"

ဘာမှတုန့်ပြန်သံ မကြားရ
တာကြောင့် မော့အကြည့်
မြင်လိုက်ရတဲ့မျက်နှာ
ချိန်ချိန်ဘဝအတွက်အမုန်းဆုံး
လူ မမြင်ချင်ဆုံးသောလူသား

"ရှင်ဒီနေရာကိုဘာကိစ္စနဲ့လာတာလဲ"

"ငါလာတဲ့ကိစ္စက မင်းမွေးထား
တဲ့ကလေးကိစ္စဆိုရင်ကော"

"ရှင်နဲ့ဒီကလေးနဲ့ဘာမှမပါတ်
သတ်ဘူးဒီကလေးရဲ့ဘဝမှာ
အဖေဆိုတာဘယ်တုန်းကမှ
မရှိခဲ့ဘူး"

"ငါကလဲအဲ့တာမျီုးဘဲလိုချင်တာပါ
မင်းခေါင်းထဲမှာမြဲမြဲမှတ်ထား
ငါရဲ့ဘဝမှာဒီကလေးလဲမရှိ
သလိုမင်းလဲဘယ်တော့မှငါနဲ့
မပါတ်သတ်ခဲ့ဖူးဘူး အခုငါပေးတဲ့
ပိုက်ဆံတွေယူပြီးငါနဲ့
ဘယ်တော့မှပြန်မတွေ့နိုင်တဲ့
နေရာမှာ မင်းဘဝတစ်ခုလုံးကို
မြုပ်နှံပြစ်ရမယ် ဒီကလေးကိုတော့
ငါခေါ်သွားမယ်တကယ်လို့ မင်း
ငါပြောတာကို
လက်မခံဘူးဆိုရင် နန်းတော်ထဲ
ရောက်နေတဲ့မင်းရဲ့မောင် အားရှန့်
ကို ငါဘယ်လိုဒုက္ခရောက်အောင်
လုပ်မလဲဆိုတာ မင်းမြင်စေရမယ်"

ရှင်ဘုရင်လေးရဲ့ချစ်သူWhere stories live. Discover now