part 9

1.6K 129 4
                                    

အားရှန့်ကို မိုးလင်းတာနဲ့ အစောင့်တွေ

လာခေါ်တာကြောင့် လိုက်လာခဲ့

ရသည် ဒီမနက် ဝမ်ရိပေါ်ကို

တောင် နူတ်မဆက်ခဲ့ရပေ

"ရောက်လာကြပြီလား ပေါ့အားရှန့်"

"ဟုတ်ကဲ့ "

"ရိချန်း လို့ခေါ်ပါတယ် ၃ လတောင်နေ

ရမှာဆိုတော့ပျင်းနေမှာဘဲ"

"ရပါတယ် အားရှန့်လုပ်နိုင်ပါတယ်"

"အဲ့ဒါဆို လေ့ကျင့် ရေးကို အခုဘဲ

စမလား နောက်ရက်မှစကြမလား"

"အခုဘဲ စကြမယ်လေ"

"ကောင်းပါပြီ"

ခါတိုင်းလိုပင် မနက်ခင်း ဘွားတော်နဲ့

မယ်တော်ကို နူတ်ဆက်ဖို့ ထွက်လာ

ခဲ့ချိန်

"ဝမ် မင်းသား လေး"

"ရှောင်မေ ဘာကိစ္စရှိလို့လဲ"

"ရှောင်မေ က ကိစ္စရှိမှလာစရာလား

ဟိုနေ့ကဘဲမယ်တော်ကြီးကပြောထား

တယ်လေ အချိန်မရွှေးဝင်လို့ထွက်လို့

ရပါတယ်လို့ ဝမ်မင်းသားက မေ့သွား

တာတော့မဟုတ်ပါဘူးနော်"

ဝမ်ရိပေါ် စိတ်ပျက်လက်ပျက်နဲ့

ဘာမှပြောချင်စိတ်မရှိတာကြောင့်

မယ်တော် ကြီးအခန်းသို့ ဝင်ခဲ့လေသည်

"အော်သားပေါ်ပေါ်နဲ့ အတု ရှောင်မေ

ပါ ပါလာတာကိုး လာလာ သမီး

ထိုင် အခုလို နှစ်ယောက်တွဲ

မြင်လိုက်ရတော့ တကယ်လိုက်

ဖက်တဲ့ စုံတွဲ ဘဲ ဒါနဲ့ ဘွားတော်ကြီး

ဆီသွားရင်ရှောင်မေလေးပါခေါ်

သွားလိုက်နော်သားလေးပေါ်ပေါ်"

"ဟုတ်ကဲ့ပါ မယ်တော် "

မတတ်သာရဲ့မယ်တော်ကိုပြော

လိုက်ခြင်းဖြစ်သည်

"ဟိုလေ မာမီက မယ်တော်ကြီး

ကိုလာခဲ့ပါအုံး မှာလိုက်တယ်"

ရှင်ဘုရင်လေးရဲ့ချစ်သူWhere stories live. Discover now