မနက်စောစောနိုးတာနဲ့ အားရှန့်
ဘွားတော်ကြီးအဆောင်ဘက်
ထွက်လာခဲ့သည် မနေ့က
သတိမေ့နေတာကြောင့်
အခြေနေသိရအောင်ထွက်လာခဲ့
ခြင်းဖြစ်သည် ထိုစဉ် ရှေ့မှ
ကုတ်ကုတ် နှင့် ထွက်သွားသော
မိန်းမတစ်ယောက် ဦးထုပ်ကလဲ
စောင်းထားသေးသည် ခေတ်စတိုင်
အင်္ကျီ နဲ့ နည်းနည်းတော့ ထူးဆန်း
တာကြောင့် အနောက်မှ ထွက်
မပြေးနိုင်အောင် ပြေးဖတ်လိုက်သည်
"အား အား ဘယ်သူလဲ လွတ် လွတ်"
"အမ် ဘွားတော်ကြီး ဒါက
ဘယ်လိုပုံစံဖြစ် တာလဲ "
နေကာမျက်မှန်နဲ့ ယခုခေတ်စတိုင်
ပုံဖျက်ထားသော ဘွားတော်ကြီးကို
လက်ညိုးထိုးကာ အံသြသံ
ဖြင့်အားရှန်ဆိုလိုက်သည်
"ရူး တိုးတိုး အားရှန့် ငါ အပြင်
ထွက်ပြီး ကြက်ကြော် စားချင်
တယ်အခုမှနေကောင်းကာစ
ဆိုတော့ အဟာရ ရှိဖို့လိုတယ်
လာအားရှန်ပါလိုက်ခဲ့"
"ဘွားတော်ကြီး ကောင်းပါ့မလား
တော်ကြာ ဝမ်မင်းသားလေး
သိသွားရင် မကောင်းဘူးထင်
တယ် နေလဲမကောင်းဘဲ အပြင်
မထွက်စေချင်ဘူး"
"လာပါ အားရှန် ပါတာဘဲ
သွားရအောင်"
အားရှန်လက်ကို ဆွဲထွက်သွားသော
ဘွားတော်ကြီးကို ဝမ်ရိပေါ်
လှမ်းမြင်လိုက်သည်
အိပ်ယာထတော့ အားရှန့် မရှိတာ
နဲ့ သူ့အခန်းသို့ လိုက်လာခဲ့
ရာမှ တွေ့လိုက်ခြင်းဖြစ်သည်
အသာလေး သူတို့နှစ်ယောက် နောက်
