ep7

15.8K 1.2K 1
                                    

Unicode

မာ မားဖီးယားဆိုတာက

ရှောင်ကျန့်ထိတ်လန့်မိသွားပြီး မသိစိတ်ဖြင့်နောက်ကိုဆုတ်မိသွားသည်။သူလုံးဝမထင်ထားမိတာဖြစ်သည်။ ရိပေါက ထိုသို့အမူအရာဖြစ်သွားသည်ကိုမျှော်လင့်ထားဟန်တူသည်။အနည်းငယ်မျှတောင်တုန်လှုပ်မသွားခဲ့ ။

မင်းထင်တဲ့အတိုင်းပဲ  ဒါပေမဲ့မင်းငါ့ကိုတော့ယုံလို့ရပါတယ် ငါ့လက်နဲ့လူတစ်ယောက်မှမသတ်ခဲ့ရသေးသလို မကောင်းတာလည်း မလုပ်ခဲ့ဖူးဘူး

ရှောင်ကျန့်အားကစားခန်းမတွင်​ကြားခဲ့သောစကားတွေကိုတောင်သတိရသွားမိသည်။အဲ့တုန်းကရိပေါကခေါင်းဆောင်လုပ်ဖို့ကိုငြင်းဆန်နေခဲ့ပြီးအဲ့လိုငွေဆိုသည့်စကားလုံးကိုအဲ့အချိန်ကနားမလည်ခဲ့ပေမဲ့ခုတော့နားလည်သွားခဲ့ပြီ။

တရားမဝင်ငွေတွေ

မင်းခုချိန်မှာ ဒီလိုစကားတွေကမင်းကိုလန့်စေလိမ့်မယ်ဆိုတာနားလည်တယ် ဒါပေမဲ့ငါလည်းရွေးချယ်စရာမရှိတော့ဘူး မင်းကို အဝေးကနေကာကွယ်ပေးရအောင်လည်း ငါက အဲ့လောက်ထိအင်အားမရှိဘူး ခုပြောတာတွေသေချာနားထောင်

ရှောင်ကျန့်ကစိတ်ရှုပ်နေဟန်ဖြင့်ရိပေါကိုစကားဖြတ်ပြောလိုက်သည်။

နေဦး ငါ ငါနားမလည်သေးဘူး မာဖီးယားလောက ကငါ့ကိုအာရုံစိုက်ရလောက်အောင်ငါက တော်နေတာလဲမဟုတ်ဘူး ဘာဆိုဘာမှလဲ သူတို့နဲ့ပတ်သက်မိတာမရှိ.....

ရှောင်ကျန့် ရိပေါကိုကြည့်ပြောရင်းနှင့်မျက်လုံးလွှဲလိုက်ကာ

မင်းကြောင့်လား ဝမ်ရိပေါ မင်းကြောင့်ငါက

ဆိုနိုင်ပါတယ် ဒါပေမဲ့ငါအစကသတိပေးထားတဲ့ထင်ရဲ့ ဘယ်သူကများ ငါ့အကြောင်းသိချင်တယ်ပြောခဲ့လဲ အစောကလည်းပြောပြီးသား ငါနဲ့ပက်သက်မိတာကြောင့်လို့

ရှောင်ကျန့် အသံတိတ်မျက်ရည်ပင်ကျမိသွားသည်။ဘယ်သူ့အပြစ်မှမဟုတ်သူ့အပြစ်သာ ဘယ်သူမပြုမိမိအမှုပါပေ။သူသက်ပြင်းကြီးတစ်ချက်ချလိုက်ပြီး  ရိပေါကို စိုက်ကြည့်လိုက်သည်။

ငါအဆင်သင့်ပြင်ပြီးပြီး  ပြောတော့

ရိပေါပြုံးတောင်ပြုံးချင်သွားသည်။အတည်ပေါက်ဂရုစိုက်နားထောင်မည့်ဟန်ပြုနေသည့်ရှောင်ကျန့်ကြောင့်သူလည်း ဇာတ်လမ်းအစချီလိုက်သည်။

My boyfriend is a mafia boss (Completed)Where stories live. Discover now