ep31

8.9K 774 26
                                    

Unicode

"ရှောင်ကျန့် ခု ဘယ်မှာလဲ"

ရိပေါတစ်ယောက် ဒေါသလည်းထွက်နေသည့်အပြင် အရမ်းလည်းစိုးရိမ်နေမိသည်။ဒီလောက်သတိထားနေသည့်ကြားက ဒီလောက်ကာကွယ်ထားသည့်ကြားက ရှောင်ကျန့်ကပါသွားသေးသည်။သူအဖွဲ့၂ဖွဲ့တောင်လွှတ်ထားသည်ကို ရအောင်ခေါ်ထုတ်သွားသေးသည်။ရှောင်ကျန့်အမေက ဘာမှမဖြစ်ခဲ့သော်လည်း သူ့အဖွဲ့သားများအနည်းငယ်အထိနာသွားသည့်ပြင် ဖန်ရှင်းတောင် ခြေထောက်တစ်ဖက်အပစ်ခံလိုက်ရသည်ဟုဆိုသည်။အပစ်မခံလိုက်ရသည့် သူများက ရှောင်ကျန့်တို့နောက်ပြေးလိုက်ကြသေးသော်လည်း လမ်း၂လမ်းအကျော်တွင်မျက်ခြေပျက်သွားသည်ဟုဆိုသည်။ယခုထိုနားတစ်ဝိုက်တွင်ရှာနေကြသည်ဟု တစ်ဖက်ကတင်ပြလာသည်။

"ငါမေးနေတယ်! ဘယ်မှာလဲလို့!!"

ရိပေါ ယုကျန်းယာနားထင်ကို သေနတ်ဖြင့် နာနာထောက်ထားရင်းအံကြိတ်သံဖြင့်မေးမိသည်။ယခုချိန်သူဘာမှမတွေးနိုင်တော့။ရှောင်ကျန့်သာ သူ့အမေလိုဖြစ်သွားခဲ့ရင် မဖြစ်ရဘူး ငါ့အဖေ လိုငါမဖြစ်စေရဘူး။သူ့လက်အောက်ငယ်သားများကတော့ပတ်ဝန်းကျင်အကဲခတ်ကာ သူတို့ပြဿနာကိုတစ်ဖက်ကနားစွင့်နေကြသည်။

"ဟားဟား ဝမ်ရိပေါ မင်းအခုဘာတတ်နိုင်သေးလဲ မင်းလည်းမင်းအဖေလို မင်းချစ်ရသူကိုအသေခံမလား ဒါမှမဟုတ် လွယ်လွယ်ကူကူ ငါကိုပဲလွှတ်ပေးလိုက်မလား   "

တမင်သက်သက်ရွဲ့ပြောနေသော ယုကျန်းယာကြောင့် ရိပေါဘာမှမတွေးနိုင်တော့။သူပစ်ရန် လုပ်လိုက်တော့ မင်ယွီကသူ့လက်အားလှမ်းဆွဲကာ

"သခင်လေး စိတ်မလောပါနဲ့အုံး သခင်လေးရှောင်ကျန့် ကိုရှာတွေ့ဖို့က ယုကျန်းယာပေါ်မူတည်နေတယ်"

"တောက်! ခင်ဗျားသိဖို့ကကျွန်တော်ကအဖေ့လိုမဟုတ်ဘူး "

ရိပေါပြောအပြီး သေနတ်စောင်းဖြင့် ယုကျန်းယာ လက်မောင်းကိုထုလိုက်တော့  ကျွတ်ဆိုသောအရိုးကျိုးသံနှင့်အတူ ယုကျန်းယာ၏နာလွန်း၍အော်လိုက်သောအသံကလူသံတိတ်ဆိတ်နေသောညနက်နက်တွင်ထွက်လာလေသည်။ ထို့နောက် ရိပေါက ဒူးတစ်ဖက် ကိုပါ ကန်လိုက်ကာသူ့ရှေ့တွင်ဒူးထောက်စေလိုက်သည်။ဒူးထောက်လျက်ကျသွားသောယုကျန်းယာ၏ဆံပင်ကိုဆွဲဆုပ်ကာ မျက်နှာကိုမော့လိုက်ပြီး

My boyfriend is a mafia boss (Completed)Où les histoires vivent. Découvrez maintenant