ep20

10.5K 880 4
                                    

unicode

ရိပေါ ဆေးရုံကိုရောက်တော့ ဖန်ရှင်းက ဆေးရုံအဝတွင်စောင့်နေသည်။

အခြေအနေဘယ်လိုလဲ

သိပ်မကောင်းဘူး ခုထိခွဲခန်းထဲမှာပဲရှိသေးတယ်

ဘယ်လိုဖြစ်တာလဲ

Sniperနဲ့လှမ်းပစ်တာ သူတို့သိတယ်ထင်တယ် 

စိန်ရော မာဟုန်ဝေရော

ဖန်ရှင်းကရိပေါကိုလူရှင်းသည့်နေရာဆွဲခေါ်သွား၍အနီးအနားဝေ့ဝဲကြည့်ကာ

မာဟုန်ဝေလွတ်သွားတယ် စိန်ကတော့ပြန်ရလာတယ်  ခုကျီယဲ့နဲ့ပြန်ထည့်ပေးပြီးဂိုဏ်းကိုပြန်သယ်သွားခိုင်းလိုက်ပြီ ကျွန်တော်တို့ဘက်က တော်တော်လေးထိသွားကြတယ်

ကျစ် ကြည့်ရတာ ဒီအဖိုးကြီးအကုန်သိတယ်ထင်တယ်

ကျွန်တော်တောင်းပန်ပါတယ် သခင်လေးကစိတ်မချလို့ကျွန်တော်ကိုထည့်လိုက်တာတောင်မှ သူဌေးကိုမကာကွယ်လိုက်နိုင်ဘူး

မဟုတ်တာ စိတ်ထဲမထားပါနဲ့ 

ဘယ်နားကိုထိသွားတာလဲ 

ရင်ဘတ်ကို... ကျည်ကာဝတ်သွားပေမဲ့ ကျည်ဆံကဖောက်သွားတယ်

ဟင်းးးးခုခွဲခန်းဆီသွားရအောင်

ဟုတ်ကဲ့သခင်လေး

ရိပေါ စိတ်ပူနေသည်ကိုဝန်ခံပါသည်။သူ့အမေနဲ့သူ့အပေါ်ကို အမှားကျူးလွန်ခဲ့ပေမဲ့သူ့အဖေကပြန်ပြင်ခဲ့သည်ပဲ။နောင်တလည်း ရနေသောကြောင့် ရိပေါအနည်းငယ် စိတ်ပြေစပြုနေချိန်မှာမှ ဒီအဖြစ်မျိုးဖြစ်ရသည်။

ခင်ဗျားကြီးကိုခွင့်မလွှတ်သေးဘူး မသေသေးနဲ့အုံး

ရိပေါတစ်ကိုယ်တည်းရေရွတ်လိုက်သည်။နာရီဝက်လောက်ကြာချိန်မှာတော့ ခွဲခန်းတံခါးကပွင့်လာပြီးဆရာဝန်တွေထွက်လာခဲ့သည်။ရိပေါ အပြေးသွား၍ မေးလိုက်သည်။

ဘယ်လိုအခြေအနေရှိလဲ အောင်မြင်လား

ဆရာဝန်၏မျက်နှာကသိပ်မကောင်းသောကြောင့် ရိပေါ နည်းနည်းရိပ်မိသလိုရှိသွားသည်။သူ့ရဲ့အဖေကဒီတံခါးကိုမကျော်နိုင်ခဲ့ဘူးထင်တယ်။ဆရာဝန်က သူရဲ့ပခုံးပေါ်လက်တင်၍တင်းတင်းဆုပ်လိုက်ပြီး

My boyfriend is a mafia boss (Completed)Where stories live. Discover now