ep22

10.1K 916 11
                                    

unicode

ရှောင်ကျန့် မနေ့ကရိပေါပြောခဲ့သောစကားများကိုစဥ်းစားရင်း ပြုံးပြုံးကြီးဖြစ်လို့နေသည်။ ပြုံးပြုံးကြီးဖြင့်အတွေးလွန်နေသော ရှောင်ကျန့်တစ်ယောက် ဘေးပတ်ဝန်းကျင်ကိုလည်းသတိမထားမိပေ။အတန်းထဲရောက်တော့မှ အကုန်လုံးကသူ့ကိုစိုက်ကြည့်နေကြသည်ကို သတိထားမိသွားသည်။ယူပင်းကြည့်လိုက်တော့လည်း မျက်နှာလွှဲလိုက်သဖြင့် နားမလည်နိုင်ဖြစ်သွားရသည်။ရှောင်ကျန့် လွယ်အိတ်ကြိုးကိုတင်းတင်းဆုပ်လိုက်လျက် သူထိုင်နေကြနေရာ သို့သွားလိုက်သည်။ပြီးနောက်သူ့ကိုရွံရှာသောအကြည့်များအပြင် မကြားတကြားပြောနေသောအသံများကြောင့် ရှောင်ကျန့်တစ်ခုခုဖြစ်နေပြီမှန်းသိလိုက်ရသည် ။ယူပင်းဘေးနားသွားထိုင်တော့ သူသက်ပြင်းချသံကြီးကိုကြားလိုက်ရသည်။ဘာဖြစ်နေမှန်းမသိ၍ ရှောင်ကျန့်တစ်ယောက်တောင်ကြည့်မြောက်ကြည့်ဖြစ်လို့နေသည်။ ထို့နောက် ဘေးတန်းမှမိန်းကလေးများကသူကြားအောင်တမင်သက်သက်အသံအနည်းငယ်ကျယ်ကာ ပြောလိုက်သောစကားများကြောင့် ရှောင်ကျန့် ကိုယ်တွေတဆတ်ဆတ်တုန်လာရသည်။

ဟွန့် တချို့တချို့တွေများ ယောကျားချင်းကြိုက်ရုံမကလို့ ပိုင်းလုံးပါလုပ်စားနေလေရဲ့ ရုပ်လေးနဲ့မှမလိုက်

ဟုတ်ပါ့ ငါတို့လည်း ယောကျားချင်းကြိုက်တာကို လက်ခံပေးနိုင်ပါတယ် ဒါပေမဲ့ပိုင်းလုံးလုပ်စားနေတာတော့ရွံဖို့ကောင်းလွန်းတယ်

စာအုပ်တစ်အုပ်ကိုအဖုံးပဲကြည့်ပြီးဆုံးဖြတ်လို့မရဘူးဆိုတာသိပ်မှန်တာပဲ ကြည့်လိုက်တော့ ဘာမှမသိသလိုရုပ်လေးနဲ့ တကယ်တမ်းကစိတ်ဓာတ်ကော ခန္ဓာကိုယ်ရောကညစ်ပတ်နေတာပဲ

ငါခုမှ ယုဖေး ရဲ့စိတ်ကိုနားလည်သွားတယ် သူ့ခမျာ ကိုယ်နဲ့စေ့စပ်မယ့်သူက မြူဆွယ်ခံရတာ ပါသွားတာကို ဘာမှမပြောပဲခွင့်လွှတ်ပေးနေနိုင်တယ် စိတ်ထားလေးကောင်းလိုက်တာ ငါသာဆိုမရဘူး ဝုန်းပစ်မှာ

ဟုတ်ပါ့ ငါတို့ရဲ့မင်းသားလေး ရိပေါလည်း သူ့ရဲ့ကြာပန်းဖြူလိုဟန်ဆောင်နေတဲ့မာယာအောက်ပါသွားတာနေမှာပေါ့ ခုတော့လည်း သူမှာ ဘယ်သူမှမရှိတော့ဘူးလေ ရိပေါလည်းသိသွားလို့သူ့ကိုပစ်သွားပြီနေမှာပေါ့

My boyfriend is a mafia boss (Completed)Tempat cerita menjadi hidup. Temukan sekarang