ep 17

10.3K 1K 10
                                    

Unicode

ရှောင်ကျန့်စာကြည့်တိုက်ထဲတွင်နေပြီး ရိပေါအကြောင်းစဥ်းစားနေမိသည်။ခုတလောမိမိနှင့်အနေဝေးလာသော သူက မိမိကိုလက်ဆောင်တွေပို့လာသူဟုတ်ပါ့မလားဟူ၍။ယုဖေးနှင့်မြင်နေရတာလည်းသိပ်အဆင်မပြေတော့။ယုဖေးကတစ်ခါတစ်လေသူ့ကို အောင်နိုင်သူအပြုံးကြီးနှင့်တစ်ဖုံ၊နှိမ့်ချလိုသော မျက်လုံးအကြည့်များ နှင့် စကားများကြောင့် တကယ်ကို အဆင်မပြေတော့ပေ။သူစ စကတည်းကရိပေါကိုချစ်တယ်လို့အဖြေပေးလိုက်ရင်လည်းအကောင်းသားရယ်။နောင်တဆိုတာနောက်မှရတယ်ဆိုတာတကယ်ပါ့လား။
ရှောင်ကျန့် စာကြည့်စင်တွေရဲ့ထောင့်မှာထိုင်နေပြီးမျက်လုံးလေးများကိုမှိတ်ထားလိုက်သည်။ထို့နောက်သူ့ဆီနီးကပ်လာသော ခြေသံကြောင့်မျက်လုံးဖွင့်ကြည့်လိုက်မည်ကြံသော်လည်း ရင်းနှီးလွန်းသောအနံ့ကြောင့် မျက်လုံးများကိုပြန်မှိတ်လိုက်သည်။တဖက်ကသူကသူ့ကိုသာစိုက်ကြည့်နေပုံရပြီး တုတ်တုတ်မှမလှုပ်လာပေ။မျက်နှာချင်းမဆိုင်ချင်သော်လည်း ကြာလာပြီဖြစ်၍ မျက်လုံးဖွင့်ရန် ရည်ရွယ်ပြီးကာမှ ထိုသူက ရှောင်ကျန့်၏မျက်လုံးလေးများပေါ်ဖွဖွလေးနမ်းလာသည်။ရှောင်ကျန့်ကိုယ်လေးမှာတုန်လှုပ်သွားပြီးနှလုံးခုန်သံမှာလည်းကျယ်လောင်လာသည်။ရှောင်ကျန့်၏မျက်လုံးများကိုလက်တစ်ဖက်ဖြင့်ပိတ်လာပြီး ခါးပေါ်ကျန်လက်ကရောက်လာသည်။တဆတ်တည်းမှာပဲ မိမိ၏နှုတ်ခမ်းမှာပိတ်ဆို့ခံလိုက်ရပြီး ရှောင်ကျန့်လည်းမိမိ၏ချစ်ရသောသူဖြစ်သောကြောင့် ရုန်းမနေပဲ အလိုက်သင့်သာစီးမြောလိုက်သည်။သူချစ်နေတာ ရိပေါလည်းသိနေတာပဲ။အဖြေအဖြစ်ထုတ်မပြောရသေးတာပဲရှိတာ။အတန်ကြာနမ်းပြီးကာမှ တစ်ဖက်ကလွှတ်လိုက်ပြီးမျက်လုံးများကိုတော့ လက်ဖြင့်အုပ်ထားဆဲဖြစ်သည်။နားနားသို့ကပ်လာသောအသက်ရှုသံငွေ့ငွေ့လေးနှင့်အတူ အက်ရှရှလေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည်။

မျက်လုံးကိုမဖွင့်လိုက်နဲ့ ငါထွက်သွားပြီးမှ မျက်လုံးဖွင့်ပေး

ဘာလို့လဲ

ရှောင်ကျန့်၏ပါးလေးတစ်ဖက်မှာနွေးကနဲဖြစ်သွားပြီး သက်ပြင်းချသံတိုးတိုးလေးပါကြားလိုက်ရသည်။

My boyfriend is a mafia boss (Completed)Where stories live. Discover now