ep 28

9K 775 17
                                    

Unicode

လမ်းကြားထဲရှိ ဆိုင်တစ်ခုအနားတွင်နံရံကိုကပ်မှီကာ ဆေးလိပ်သောက်နေသောသူတစ်ယောက်။ခေါင်းစွပ်စွပ်ထားပြီးမှောင်ရိပ်ကျနေသောကြောင့် ထိုသူ၏ပုံကိုသိပ်မမြင်ရပေ။လမ်းတစ်ဖက်ကိုကြည့်လိုက်ရင်း ကားအနက်တစ်စီးရောက်လာသည်ကိုတွေ့သောကြောင့် သောက်လက်စဆေးလိပ်ကိုအောက်ချကာနင်းချေလိုက်သည်။အနက်ရောင်ကားပေါ်မှ လူတစ်ယောက်ဆင်းလာပြီး ထိုခေါင်းစွပ်စွပ်ထားသည့်လူဆီသို့  သွားလိုက်သည်။

ရော့ လက်မှတ် မင်းနယ်စပ်ကနေခိုးထွက်  ပြီးရင်ငါမခိုင်းမချင်းအဲ့မှာပဲနေ လုံးဝမထွက်လာနဲ့  ဟုကားပေါ်မှဆင်းလာသောသူကပြောလိုက်သည်။

ယုကျန်းယာ ယုကျန်းယာ ခင်ဗျားသိဖို့က ကျွန်တော့်ကိုချောက်မချဖို့ပဲ ခင်ဗျား ချောက်ချဖို့လုပ်လိုက်တာနဲ့ ခင်ဗျား ဘဝအဆုံးသတ်ပြီသာမှတ် ကျွန်တော့်မယ် ခင်ဗျားရဲ့တရားမဝင်ဖိုင်တွေအကုန်ရှိနေတယ်

အဟက် ခြိမ်းခြောက်နေနိုင်သေးတယ်ပေါ့ မင်းကိုငါခုချက်ချင်းသတ်လိုက်လို့ရတယ် ဆိုတာ မင်းသိလား

သိဖို့က ကျွန်တော်သေတာနဲ့ ဖိုင်တွေကရဲစခန်းရောက်ပြီးသားပဲ မယုံမရှိနဲ့

တောက် မာဟုန်ဝေ

ဟားဟား ကျွန်တော်လည်းမတတ်သာလို့ပါဗျာ ကိုယ့်အတွက်ကိုယ်လည်းချန်ရသေးတာပေါ့ ခင်ဗျားအပေါ်သစ္စာဖောက်တယ်လို့မတွေးပါနဲ့

မင်းမြန်မြန်ထွက်သွားရင်ကောင်းမယ်

မာဟုန်ဝေက ပခုံးတွန့်ကာလက်မြှောက်လိုက်ပြီး

သွားမှာပါ မိတ်ဆွေကြီး မကြာခင်ပြန်တွေ့ကြတာပေါ့

ကျစ် မာဟုန်ဝေ

                    🍎🍏🍎🍏

စာသင်ခန်းထဲတွင်ထိုင်နေရင်း ဆရာမစာသင်နေသည်ကိုရှောင်ကျန့်အာရုံမစိုက်နိုင်ပဲ စိတ်တွေဟိုရောက်ဒီရောက်ဖြစ်နေသည်။ဘေးကယူပင်းကသူ့ကိုတံတောင်နှင့်တွတ်လိုက်သောကြောင့်  ရှောင်ကျန့်တွေးနေရာမှသတိဝင်လာပြီး ဘေးဘီဝေ့ကြည့်လိုက်တော့ ဆရာမကမိမိအား မျက်မှန်အောက်မှာ မျက်ဝန်းနက်ကြီးများနှင့်စိုက်ကြည့်နေသည်။ရှောင်ကျန့် ပြုံးပြုံးကြီးဖြင့်ဘေးက    ယူပင်းကို အံကြိတ်သံကြီးဖြင့်

My boyfriend is a mafia boss (Completed)Tahanan ng mga kuwento. Tumuklas ngayon