My Mom is a Fujishi Ep 1
"ရှောင်းကျန့် မနေ့ကငါမေးတာလေး နင်ဘယ်လိုသဘောရလဲ"
ရွှမ်လုက သင်္ချာထိုင်တွက်နေတဲ့ သူ့အချစ်ဆုံးသူငယ်ချင်း ရှောင်းကျန့်ကိုမေးတယ်။
"နင်တစ်နေ့တစ်နေ့ မေးတာတွေကအများကြီးပဲလေ ဘယ်ဟာကိုပြောတာတုန်း"
"ဟာ နင်ကလဲ မနေ့က ကျောင်းပြောင်းလာတဲ့ စီနီယာအကိုကြီးကို ကြိုက်လားလို့ မေးတာလေ"
~ဒေါက်~ ဘာမှပြုတ်ကျတယ်မထင်လိုက်နဲ့။
ရှောင်းကျန့်က စားပွဲပေါ်တင်ထားတဲ့ ပေတံနဲ့
ရွှမ်လုရဲ့ ခေါင်းကို ခေါက်လိုက်ခြင်းပင်ဖြစ်သည်။"အား နာလိုက်တာဟဲ့ ဘာလို့နေရင်းထိုင်ရင်းထခေါက်တာတုန်း"
"နင်ကမဟုတ်တန်းတရားတွေ မေးနေတာကိုး"
"ဘာကိုမဟုတ်ရမှာလဲ နင်ကလဲ အဲစီနီယာကအသေချောတာဟ ငါတောင်ကြိုက်တယ် နင်ကဘာလို့မကြိုက်တာလဲ"
"ဟ နင်ကမိန်းကလေးမို့ ယောကျာ်းလေးကြိုက်တာဆန်းသလား ငါကယောကျာ်းလေးလေ ယောကျာ်းချင်းကြိုက်ရမလား"
"ရှောင်းကျန့် နင်ဟာလေ ပိန်းတယ်လို့ပြောရင်လဲ မကြိုက်ဘူး အားအားနေ စာချည်းပဲလုပ်မနေနဲ့ နည်းနည်းပါးပါး မျက်စိပွင့်နားပွင့်နဲ့ ပတ်ဝန်းကျင်ကိုလေ့လာအုံးသိလား နင်ကသာ ယောကျာ်းချင်းမကြိုက်ဖူးပြောနေတာ နင့်ဘေးနားလဲ လှည့်ကြည့်အုံး ဒီကျောင်းရဲ့ ၅၀% သော ယောကျာ်းလေးတွေက ဂေးကုန်ပြီ"
အိုးခိုင်မော့ ဘယ်လို ဘယ်လို!
"ဟမ် တကယ်ကြီး?"
"တကယ်ပေါ့ဟ"
"ငါကအဲလိုယောကျာ်းချင်းကြိုက်တယ်ဆိုတာ နင်ကြည့်တဲ့ BL ကားတွေထဲမှာပဲရှိတယ်ထင်နေတာ"
"ဘယ်ကသာ ဟုတ်ရမှာလဲ ငါတို့အတန်းထဲကလေ ဟောက်ရွှမ်းနဲ့ကျိရန်ကိုသိလား"
"အေးသိတယ်လေ"
"သူတို့ကအတွဲတွေ"
"အမ် တကယ်ကြီး"
"တကယ်ပေါ့"
"နင်ကဘယ်လိုသိလဲ"
"အဟီး ငါကိုယ်တိုင်အောင်သွယ်ပေးထားတာကိုး"

YOU ARE READING
~My Mom is a Fujoshi~ (Completed)
Fanfictionငါ ... ငါလေ နင့်သားလေးကိုချစ်လို့ ! ဟိုလိုလေ .. တူလိုသားလိုမဟုတ်ဖူး ကောင်လေးလို ! 🤐 Xiao Zhan ကြားလို့မှကောင်းကြသေးရဲ့လားဗျာ မွေးထားတဲ့အမေက တစ်ဦးတည်းသောသားလေးကို လင်ရှာပေးနေတာတဲ့လေ 🥴 Wang Yibo