M M I F - EP 13

18.6K 2.3K 262
                                        

My Mom is a Fujoshi Ep 13

"မားရေ သားပြန်ရောက်ပြီ"

လွယ်ထားသော ကျောပိုးအိတ်ကို ဆိုဖာပေါ်ပစ်တင်ကာ မာတာမိခင်ကို အော်ပြောလိုက်သည်။

"ဖန်ရှင်း ထိုင်အုံး"

ရိပေါ်ပြောတာတောင် နောက်ကျနေကာ ဖန်ရှင်းက သူ့အိမ်သူ့ရာလိုပင် ဆိုဖာပေါ် ခြေပစ်လက်ပစ်ထိုင်နေပြီ့းပြီ။

"ရိပေါ် သား ပြန်လာပြီလား"

"ပြန်လာပြီ မား .. သားကျောင်းက သူငယ်ချင်းလဲပါလာတယ် သူက သားအိမ်မရောက်ဖူးလို့ ခေါ်လာတာ"

"အော် အင်း .. ဒါနဲ့ ဒီနေ့ ရှောင်းကျန့်လာမကြိုဘူးလား"

"ဦးက ခွဲခန်းဝင်ရမှာမို့ မလာနိုင်ဘူးလို့ပြောတယ် ညနေကျမှ လာခဲ့မယ်တဲ့ .. အာ ပြီးတော့ မား .. ဖန်ရှင်း အိမ်လိုက်လည်တာကို ညနေကျရင် ဦးကိုမပြောနဲ့နော်"

"ဟေ ဘာလို့တုန်း"

"အဟင်း ဒီလိုပဲ ဦးက ဖန်ရှင်းကိုကြည့်မရဘူး"

ရိပေါ်စကားကြောင့် မားရွှမ်လုရော ဖန်ရှင်းရော မျက်လုံးတွေပြူးလို့။

ရွှမ်လုလဲ သားသူငယ်ချင်းဆိုတဲ့ကောင်လေးကို အကဲခတ်နေရတယ်။

သားက အိမ်ခေါ်လာတာ ရိုးရိုးလား၊ ဆန်းဆန်းလားမသိဘူးလေ။

တော်ကြာ ဒီကောင်လေးနဲ့ကြိုက်နေတယ်ဆိုမှဖြင့် ကိုယ့်သူငယ်ချင်း လူပျိုကြီး အသည်းဟက်တက်ကွဲနေမယ်။

"ငါက ဘာလုပ်လို့လဲ"

"မင်းက ဘာမှမလုပ်ဖူး ဒီလိုပဲ ဦးက ငါ့ကိုအထိမခံတာ"

"မင်း ဦးက လွန်ကိုလွန်ပါတယ်ကွာ"

"တိတ်စမ်း ငါ့ဦးကို မပြောနဲ့ … ငါ ကျောင်းအကျီက ညစ်ပတ်နေလို့ အပေါ်မှာ အဝတ်သွားလဲအုံးမယ် ပြန်ဆင်းလာမယ် ပြီးရင် ဂိမ်းဆော့ကြမယ် .. ဦးမလာခင်တော့ ပြန်နော်"

တော်တော်လဲချစ်ဖို့ကောင်းတဲ့သူငယ်ချင်းလို့ ဖန်ရှင်းကတွေးနေလောက်တယ်။

မတတ်နိုင်ဘူး။ ဦးက အူတိုပြီးစိတ်ဆိုးရင် ချော့ရခက်မှခက်နဲ့။

~My Mom is a Fujoshi~ (Completed)Where stories live. Discover now