My Mom is a Fujoshi Ep 8
"ရိပေါ်ရယ် ဦးအလုပ်ပြီးတာနဲ့ ပြန်လာခေါ်ပါမယ်ဆို ဘာလုပ်ဖို့ဆေးခန်းလိုက်မှာလဲ"
ရှောင်းကျန့်မှာ သူ့အကျီခါးစကိုဆွဲကာ အပြင်လိုက်ရဖို့အရေး တအီအီနဲ့ဂျီကျနေသော နှာလုံးလေးကို တုတ်နဲ့နာနာရိုက်ချင်စိတ်ပေါက်နေသည်။
ဖြစ်ပုံကဒီလို။ ရှောင်းကျန့်က သူငယ်ချင်းတစ်ယောက်ဖွင့်ထားတဲ့ရပ်ကွက်ထဲကဆေးခန်းတစ်ခုမှ volunteer အနေဖြင့် တစ်ပတ်ကိုတစ်ရက် ညနေပိုင်းဆေးခန်းကူထိုင်ပေးဖြစ်တာ ၂ နှစ်လောက်ရှိပြီ။
တခြားကုသိုလ်ထွေထွေထူးထူးမလုပ်ဖြစ်ပေမယ့် မေတ္တာနဲ့အခမဲ့ဆေးခန်းလေးဆိုတော့ အချိန်ပိုင်း အခမဲ့ဝင်ကူညီပေးဖြစ်ကာ ဒါဟာ ဦးကပ်စေးရဲ့ မဟာအလှူတော်ကြီးဆိုလဲမမှားဘူး။
မနက်ဖြန်ဆို ရိပေါ်ကျောင်းတက်ရတော့မှာမို့ ညဘက်လိုတာလေးတွေဝယ်ဖို့ဈေးလိုက်ပို့ပေးမယ်လို့ ရှောင်းကျန့်က ကတိခံထားရာ ဆေးခန်းသွားပြီး ပြန်လာရင် ဝင်ကြိုမယ်လို့ရိပေါ်ကိုပြောတော့ ရိပေါ်က လက်မခံ။
ဇွတ်အတင်း ဆေးခန်းကိုလိုက်မယ်ဟု ပူဆာနေတာဖြစ်သည်။
"ဦးကလဲ တခါတည်းခေါ်သွားလိုက်ရင် အလုပ်တောင်သက်သာသေးတာကို ဘာလို့တကူးတကပြန်လာခေါ်ချင်နေတာလဲ"
"ပြောရခက်လိုက်တာ ရိပေါ်ရာ မင်းကတော့ တကယ်ပဲ ငါရူးချင်တယ်"
~~ဘာလို့လဲဆိုတော့ မင်းရည်းစားရသွားမှာစိုးလို့ဟေ့~~ ဟု ရှောင်းကျန့်ထုတ်မပြောဖြစ်။
ရိပေါ်က ဘယ်လိုတွေးနေတယ်မှန်းရှောင်းကျန့်မသိပေမယ့် ဆေးခန်းမှာ ရိပေါ်အတွက် အန္တာရယ် ၂ခုရှိသည်။
တစ်ခုက ဆေးခန်းက စာရေးမ၊ တွေ့သမျှအဆင်အကုန်ငမ်းကာ မြင်သမျှသူ သူ့ချစ်သူလို့ သတ်မှတ်ထားသော ထိုစာရေးမနဲ့ ရိပေါ်ကို မဆုံစေချင်။
ရိပေါ်ကိုမြင်ရင် မောင်လေးဆိုပြီး သေချာပေါက်အနားကို ကပ်လာမှာ ရှောင်းကျန့် ဗေဒင်ပြေးမေးစရာမလိုတဲ့ကိစ္စ။ အဲဒါက တစ်ခု။
နောက်တစ်ခုက ဆေးခန်းက ဂျူနီယာကောင်လေး။
ကိုယ်ဆေးခန်းထိုင်ချိန်ပြီးရင် လာထိုင်မယ့် ဂျူနီယာကောင်လေးက ရည်းစားများတဲ့နေရာမှာနာမည်ကြီးသလို ယောကျာ်းလေးချင်း သဘောကျတတ်တဲ့သူဆို ရှောင်းကျန့်သိထားသည်။
YOU ARE READING
~My Mom is a Fujoshi~ (Completed)
Fanfictionငါ ... ငါလေ နင့်သားလေးကိုချစ်လို့ ! ဟိုလိုလေ .. တူလိုသားလိုမဟုတ်ဖူး ကောင်လေးလို ! 🤐 Xiao Zhan ကြားလို့မှကောင်းကြသေးရဲ့လားဗျာ မွေးထားတဲ့အမေက တစ်ဦးတည်းသောသားလေးကို လင်ရှာပေးနေတာတဲ့လေ 🥴 Wang Yibo