My Mom is a Fujoshi Ep 11
မရောက်ချင်လဲရောက်လာတာက နှာလုံးလေးပြောတဲ့
အင်္ဂလန်က မားရွှမ်လုပြန်လာတဲ့နေ့ပဲ။
သူပြန်ရောက်လာရင် နှာလုံးလေးက အိမ်ပြန်သွားမယ်ဆိုတော့ ရှောင်းကျန့် ဘယ်ရယ်နိုင်ပါ့မလဲ
အရင်တုန်းက ရှောင်းကျန့် အခုလိုငြိမ်နေရင် ဘေးကနေ တစ်ခုမဟုတ်တစ်ခုစနေကြဖြစ်တဲ့ နှာလုံးလေးကလဲ ဒီနေ့ ငြိမ်နေရောပဲ။
သူလဲ ကိုယ်နဲ့ခွဲပြီးနေရတော့မှာမို့ စိတ်ညစ်နေတာဆို ဘယ်လောက်ကောင်းလိုက်မလဲ။
(အဖေနဲ့အမေကို လေဆိပ်သွားကြိုတဲ့စတိုင်လ်)
"မားတို့ကလဲ ကြာလိုက်တာ"
ဘေးနားက ရိပေါ်လေးဆီက အသံထွက်လာသည်။
ဟုတ်သား အကြာကြီးမတ်တပ်ရပ်စောင့်နေတော့ ကလေးက ညောင်းနေရောပေါ့။
"နှာလုံးလေးညောင်းနေပြီလား ဟိုနားမှာသွားထိုင်မယ်လေ အံနေရာကဆို ရွှမ်လုတို့လာရင်လဲ မြင်ရတယ်"
"အွန်း သွားထိုင်မယ်"
ထိုင်တယ်သာဆိုတယ် ရိပေါ်က ရိုးရိုးထိုင်တာမဟုတ်၊
သူ့ခန္တာကိုယ်တဝက်လောက်ကို ရှောင်းကျန့်ပေါ်မှီထားတာ။
ရှောင်းကျန့်ကလဲ အလိုက်သင့် ပြန်ဖက်ထားပေးတာမို့ မသိရင် ရှောင်းကျန့်တို့ ၂ ယောက်က တစ်ယောက်ကိုတစ်ယောက်ဖက်ပြီးထိုင်နေတဲ့အတွဲနဲ့တောင် တူနေသေးတာ။
အချွဲလေးက ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်တဲ့အလား ရှောင်းကျန့်ရင်ခွင်ထဲ ခေါင်းတို့ဝှေ့ချွဲနေလေတော့ ကိုယ်ကလဲ သူ့ခေါင်းလေးကို အသာပွတ်ပေးလို့။
YOU ARE READING
~My Mom is a Fujoshi~ (Completed)
Fanfictionငါ ... ငါလေ နင့်သားလေးကိုချစ်လို့ ! ဟိုလိုလေ .. တူလိုသားလိုမဟုတ်ဖူး ကောင်လေးလို ! 🤐 Xiao Zhan ကြားလို့မှကောင်းကြသေးရဲ့လားဗျာ မွေးထားတဲ့အမေက တစ်ဦးတည်းသောသားလေးကို လင်ရှာပေးနေတာတဲ့လေ 🥴 Wang Yibo