My Mom is a Fujoshi Ep 22
ဝမ်ရိပေါ်တစ်ယောက် အဝတ်ထုပ်လေးဆွဲကာ
အိမ်ကနေထွက်မယ်လုပ်တော့ မားက မီးဖိုချောင်ထဲမှ
လှမ်းအော်သည်။“ရိပေါ် မသွားနဲ့အုံး ဒီကိုလာအုံး”
မားကတော့ လုပ်ပြီ။ဦးဆီသွားပါတော့မယ်ဆို ဘာတွေခိုင်းအုံးမလို့လဲမသိ၊သူပဲ ဦးနေမကောင်းလို့ ဦးကိုသွားပြီးပြုစုလိုက်ပါဆိုတာနဲ့
ဒီကချက်ချင်းအဝတ်ထုတ်ပြေးဆွဲပြီးသား။အဝတ်ထုတ်ပြေးဆွဲတယ်ဆိုလို့ အံ့သြသွားလား။
မားဆူတာနဲ့ ဦးရဲ့အိမ်ကိုဆင်းသွားလို့ရအောင် ရိပေါ်လေးက ကြိုတင်တွက်ဆထားပြီး အဝတ်ထုတ်ကိုပြင်ထားတာ။
အခုလဲ မားက သွားဆိုတာနဲ့ ကိုယ်က ဦးဆီပြေးတော့မလို့ဟာ။
လူကစကိတ်လေးပေါ်တက်ရုံရှိသေး အိမ်ထဲကနေ
အာပြဲနဲ့ လှမ်းအော်တဲ့မားကြောင့် အိမ်ထဲပြန်ဝင်ရပြန်တယ်။
![]()
Oops! Ang larawang ito ay hindi sumusunod sa aming mga alituntunin sa nilalaman. Upang magpatuloy sa pag-publish, subukan itong alisin o mag-upload ng bago. “ဘာဖြစ်လို့လဲ မား”
“နင့်ဦးက နေမကောင်းတော့ နင့်ကိုဘာမှချက်ကျွေးနိုင်မှာမဟုတ်ဖူး ငါကြက်စွပ်ပြုတ်လုပ်ပေးလိုက်မယ် စောင့်ပြီးယူသွား”
ခုနလေးတင်ကမှ ဈေးသွားဝယ်ပြီး ပြန်လာတဲ့မားက အထုပ်ထဲက ကြက်သားကိုထုတ်ပြီးပြောလာတယ်။
အဟင့် ရိပေါ်က ဦးကိုစိတ်ပူလို့တွေ့ချင်ပါပြီဆို။
သူက အခုမှစချက်မှာဆိုကြာနေအုံးမှာ။
စောင့်ယူမသွားဘူးလို့ပြောလိုက်ရင်လဲ
ကောင်းကောင်းကြီး အဆူခံရအုံးမှာ။ခေါင်းထဲက ဥာဏ်နီ ဥာဏ်စိမ်းတွေ ထုတ်ပြီး ရိပေါ်စဉ်းစားရပြန်တယ်။
![](https://img.wattpad.com/cover/223080753-288-k244525.jpg)
BINABASA MO ANG
~My Mom is a Fujoshi~ (Completed)
Fanfictionငါ ... ငါလေ နင့်သားလေးကိုချစ်လို့ ! ဟိုလိုလေ .. တူလိုသားလိုမဟုတ်ဖူး ကောင်လေးလို ! 🤐 Xiao Zhan ကြားလို့မှကောင်းကြသေးရဲ့လားဗျာ မွေးထားတဲ့အမေက တစ်ဦးတည်းသောသားလေးကို လင်ရှာပေးနေတာတဲ့လေ 🥴 Wang Yibo