M M I F - Ep 3

26.5K 3K 579
                                    

အိမ်ပြန်ရောက်တော့ ရိပေါ်အတွက်ပြင်ထားတဲ့အခန်းလေးကို လိုက်ပြရတယ်။

ကျွန်တော်လဲမိန်းမကြီးမဟုတ်တော့ သိပ်လဲမပြင်ဆင်တတ်ဖူးပေါ့။

ယောကျာ်းလေးနေမယ့်အခန်းဆိုတော့ အပြင်အဆင်က ရိုးရိုးရှင်းရှင်းပါပဲ။

တစ်ယောက်အိပ်ကုတင်လေးရယ် အဝတ်ဗီရိုရယ် စာကြည့်စားပွဲလေးရယ်နဲ့ သာမာန်ပါပဲ။

ရိပေါ်ဘာအရောင်ကြိုက်လဲမသိတော့ ယောကျာ်းလေးနဲ့လိုက်အောင် အပြာရောင်လေး ပြင်ထားပေးမိတယ်။

"ရိပေါ်လေး သဘောကျရဲ့လား"

"သဘောကျပါတယ် ဦး ... ဟိုတစ်ခုပဲ"

"ဘာလဲရိပေါ်"

"ကျွန်တော်ကအပြာရောင်မကြိုက်ဖူး အစိမ်းရောင် ကြိုက်တာ ဒါမယ့်ရပါတယ်"

ကလေးလေးက ရပါတယ်ဆိုပေမယ့် မနက်ဖြန်ကျရင် အိပ်ရာခင်းကအစ လိုက်ကာအဆုံး အစိမ်းရောင်တွေ ပြောင်းပစ်ဖို့ အတွေးထဲမှာ ဆုံးဖြတ်ချက်ချလိုက်ပြီ။

ရိပေါ်လေးအတွက်ဆို ပိုက်ဆံဘယ်လောက်ကုန်ကုန် အရေးမကြီးဘူး။

အခန်းနံရံတွေကိုရော အစိမ်းရောင် ပြောင်းသုတ်ပေးလိုက်ရင်ကောင်းမလား။

"ဦး ကျွန်တော် ရေချိုးလိုက်အုံးမယ်"

"အင်း ဦးလဲသွားချိုးအုံးမယ် မြန်မြန်ချိုးနော် ပြီးရင် နွေးနွေးထွေးထွေးလဲဝတ်အုံး ကြားလား"

"ဟုတ်ကဲ့ပါဗျ ဒါနဲ့ ဦးအခန်းက ဘယ်ဟာလဲ"

"တစ်ခန်းကျော်ကဦးအခန်း"

"အဲဒါဆို ရေချိုးပီးရင် စားဖို့ ဦးဆီလာခဲ့မယ်နော်"

ဟင် ဘာ... ဘာကိုစားမလို့လဲ။ ဒီကလေး မဟုတ်တာတွေ စဉ်းစားနေတာလား။

"နော် ဦး ပြီးရင် ကြက်ကြော်စားရအုံးမယ်လေ"

အော် ကြက်ကြော် ကြက်ကြော် ... ဘာများလဲလို့ လန့်သွားတာပဲ။

"အင်း အင်းလာခဲ့ ဦးသွားပီ အော် မျက်နှာသုတ်ပဝါ အသစ် ၂ ထည်က ရေချိုးခန်းထဲမှာ ထည့်ထားပြီးသားနော်"

"ဟုတ် ဦး"

Xxxxxxxx

~~ဒေါက်ဒေါက် ဦးရေ~~

~My Mom is a Fujoshi~ (Completed)Where stories live. Discover now