My Mom is a Fujoshi Ep 5
ရှောင်းကျန့်အိပ်ရာနိုးတော့ ရင်ခွင်ထဲမှာ ဘာ မှမရှိနေတာကြောင့် မျက်လုံးမဖွင့်သေးပဲ လက်ကို ကုတင်ပေါ် ဟိုစမ်း ဒီစမ်းနဲ့လိုက်ရှာတော့ လုံးလုံးလေးတစ်ခုကိုကိုင်မိသည်။
ရိပေါ်လေးဆီပဲဆိုပြီး ဆွဲဖက်လိုက်မှ ဖက်လုံးကြီးဖြစ်နေလေသည်။
စောင်ဖက်လုံး … ကဲဟယ် ! တစ်သက်လုံးအဖက်ခံလာရသော ဖက်လုံးလေးဟာဆိုရင်ဖြင့် ကုတင်အောက်သို့ ခညောင်းသွားရရှာပြီ။
"ဦး ခုထိမထသေးဘူးလား"
ကြားလိုက်ရတဲ့ရိပေါ်လေးအသံကြောင့်ရှောင်းကျန့်မျက်လုံးဖွင့်ကြည့်လိုက်တော့ …. ရေချိုးပြီး ထွက်လာပုံရသော ရိပေါ်ကို တွေ့ရသည်။
ရိပေါ်ရဲ့ပုံစံကို မြင်လိုက်ရတယ်ဆိုရင်ပဲ သွေးတွေဆောင့်တက်လာတာ ခေါင်းကလား၊ အောက်ကလား ရှောင်းကျန့်မသဲကွဲတော့ဘူး။
ရိပေါ်ရယ်လေ၊ သဘက်ကိုခါးမှာပတ်ပြီး အပေါ်ပိုင်း ဗလာကျင်းနဲ့။
၁၈ နှစ်အရွယ်ကလေးလေးရဲ့ body က အဲလောက်ကြည့်ကောင်းရသလား။
ဒီအသက်အရွယ်ရောက်ထဲအထိ ပြားကပ်ကပ်ဘော်ဒီနဲ့နေခဲ့တဲ့ ကိုယ့်ဘာသာတောင်သိမ်ငယ်သွားတယ်။
ဖြူဖွေးနုဥနေသော ဗိုက်ချပ်လေးလေးမှာ abs လေးတွေက ခပ်ပါးပါး သူ့နေရာနဲ့သူ။ ဂလုစ်။
ရင်တွေတဒိတ်ဒိတ်ခုန်နေတာမို့ ကုတင်ပေါ်ထိုင်နေရာမှာ ထကာ ရေချိုးခန်းထဲဝင်ပြေးဖို့ ကြိုးစားလိုက်ရတယ်။
သို့သော် မအောင်မြင်။ ဟိုကလေးလေးက ကိုယ့်လက်ကို ဆွဲထားတာကိုး။
"ရိ…ရိပေါ်လေး ဘာဖြစ်လို့လဲ"
"ဒီမှာ ခေါင်းလျှော်ထားတယ်လေ ခေါင်းသုတ်ပေးအုံး"
အော် .. ဟုတ်ကဲ့အဖေ။ ရင်ခုန်နေတာလေးတောင် ပျောက်ချင်ချင်ဖြစ်သွားတယ်။
ငါက ကလေးတစ်ယောက်ရလိုက်တာလား၊ အဖေတစ်ယောက်ရလိုက်တာလား။
"ရုပ်ကြီးကလဲ စူပုတ်နေတာပဲ ဘာလဲအိပ်မက်မကောင်းလို့လား လာ လာ ဒီမှာထိုင်"
![](https://img.wattpad.com/cover/223080753-288-k244525.jpg)
YOU ARE READING
~My Mom is a Fujoshi~ (Completed)
Fanfictionငါ ... ငါလေ နင့်သားလေးကိုချစ်လို့ ! ဟိုလိုလေ .. တူလိုသားလိုမဟုတ်ဖူး ကောင်လေးလို ! 🤐 Xiao Zhan ကြားလို့မှကောင်းကြသေးရဲ့လားဗျာ မွေးထားတဲ့အမေက တစ်ဦးတည်းသောသားလေးကို လင်ရှာပေးနေတာတဲ့လေ 🥴 Wang Yibo