My Mom is a Fujoshi Ep 14
ဦးကို သူများတွေဝိုင်းကြည့်နေတာမို့ အူတိုပြီး ကျောင်းကလူတွေရှေ့မှာ ဖက်နမ်းပစ်တာလဲ ကိုယ်ပါပဲ။
နမ်းပြီးတော့မှ အကုန်လုံးဝိုင်းကြည့်နေတာကို သတိထားမိပြီး ရှက်သွားရသူကလဲ အင်း .. ဝမ်ရိပေါ်ဆိုတဲ့ အိုင်လေးပါပဲ။
ဝိုးဒေလေ .. ရိပေါ်ကလူပျိုနုနုထွတ်ထွတ်လေးဟာကို .. အဲလိုလူတွေအများကြီးက ဝိုင်းကြည့်တော့ရှက်တာပေါ့။
ဘာလို့များ စိတ်အလိုလိုက်ပြီး အဲလိုလုပ်မိလဲမသိ…အိမ်မှာနမ်းတာက ဘာမှမဖြစ်ပေမယ့် ခုလိုအပြင်မှာကြီးနမ်းမိတော့ လူတွေက ရိပေါ်နဲ့ဦးကို ဘာလားညာလားဆိုတဲ့အကြည့်နဲ့ကြည့်တယ်လေ။
အဲဒါ ဦးမကောင်းတာပေါ့ … သူသာ ပဲများပြီး ကျောင်းကိုလိုက်မပို့ရင် ရိပေါ်လဲ အူတိုစရာမလိုတော့ဘူးပေါ့။
အဲဒီ ဦးက သိပ်ခက်တယ် .. အသက်ကြီးမှ ရောင်းမထွက်မှာစိုးလို့ 70% off ပြီး ဈေးဗန်းတွေစွတ်ခင်းနေတယ်။
အခုတော့ ရိပေါ်လေးအရှက်ကွဲတာပဲ အဖတ်တင်တယ်။ ဘယ်သူနဲ့မှ မျက်လုံးချင်းဆုံမကြည့်ရဲလို့ eye mask ကြီးတပ်ပြီး ကားပေါ်မှာ တက်ထိုင်နေလိုက်တယ်။
ကမ်းခြေရောက်လို့ ကားပေါ်ကဆင်းလဲ အဲဒါကိုမချွတ်သေးလို့ အမြင်မတော်တဲ့ ဖန်ရှင်းမှာ လိုက်ဆွဲရတယ်။
“ဟေ့ကောင် ရိပေါ် … ဘယ့်နှယ် eye mask ကြီးတပ်ပြီး လမ်းလျှောက်နေတာ မြင်ရောမြင်ရလို့လား”
“မြင်ရတယ် ငါ့ mask က ပါးပါးလေး”
“အေး ကြည့်လုပ် .. မှောက်ရက်လဲရင် ဆေးခန်းပို့ပေးမယ့် မင်းရဲ့ ချစ်လှစွာသောဦးမပါဘူးနော် သိဘို့”
ESTÁS LEYENDO
~My Mom is a Fujoshi~ (Completed)
Fanficငါ ... ငါလေ နင့်သားလေးကိုချစ်လို့ ! ဟိုလိုလေ .. တူလိုသားလိုမဟုတ်ဖူး ကောင်လေးလို ! 🤐 Xiao Zhan ကြားလို့မှကောင်းကြသေးရဲ့လားဗျာ မွေးထားတဲ့အမေက တစ်ဦးတည်းသောသားလေးကို လင်ရှာပေးနေတာတဲ့လေ 🥴 Wang Yibo