M M I F - Ep 26 (Final)

21.5K 2.1K 377
                                    

My Mom is a Fujoshi Ep 26 – Final

ရှောင်းကျန့်မွေးနေ့မှာ လက်ထပ်ခွင့်တောင့်ပြီးတာနဲ့ နှာလုံးလေးကဘယ်တုန်းကတည်းက ကြိုတင်ပြင်ဆင်ထားလဲမသိတဲ့ luggage ကြီးတစ်လုံးကိုဆွဲပြီး အိမ်ပေါ်တက်နေတော့တာပဲ။

သူပြောတာတော့ ဘာတဲ့။

“သားတို့က နှစ်ဦးသဘောတူ လက်စွပ်လဲပြီးပြီလေ ဦးရဲ့ .. အဲဒီတော့ အခုချိန်ကစပြီး သားက ဦးကို တာဝန်ယူရတော့မှာပေါ့” တဲ့။

အဲဒီလိုနဲ့ ရှောင်းကျန့်ကို ဦးဆောင်ချင်နေတဲ့ ၁၈ နှစ်သားလေး ဝမ်ရိပေါ်ဟာ ရှောင်းကျန့်အိမ်ပေါ်ကိ စွေ့ခနဲရောက်လာတယ်။

ဦးဆောင်မယ်ဆိုတဲ့စကားကို တစ်နေ့ ၁၀ ကြိမ်မကပြောတဲ့ နှာလုံးလေးကို စချင်လို့ ရှောင်းကျန့်မေးဖြစ်သေးတယ်။

“နှာလုံးလေးက ပြောတော့ ဦးကို ဦးဆောင်မယ်ဆိုပြီး နေတော့ကျ ဘာလို့ဦးအိမ်ကိုလာနေတာလဲ .. ဦးကို အိမ်တစ်လုံးဝယ်ပေးရမှာ မဟုတ်ဘူးလား”

ရင်ခွင်ထဲက ကလေးငယ်ငယ်ကိ ဖျစ်ညှစ်ပြီးမေးတော့ သူက ရှောင်းကျန့်ဘက်ကို ပြန်လှည့်လာပြီး ခပ်တည်တည်ဖြေသေးတာ။

“ဦးမှာ ဒီအိမ်ကြီးတစ်လုံးလုံးရှိနေတာပဲ နောက်အိမ်တစ်လုံးဝယ်လိုက်ရင် အပိုသုံးသလိုဖြစ်သွားမှာပေါ့ … တကယ်က အိမ်တစ်လုံးလောက်တော့ သားကအေးဆေးဝယ်နိုင်ပါတယ် .. ဒါပေမယ့် သိတယ်မဟုတ်လား ဟိုစကားပုံရှိတယ်လေ”

“ဘာစကားပုံလဲ လုပ်ပါအုံး”

ဟန်ချီကာ ပြောနေတဲ့ နှာလုံးလေးကို မေးဆတ်ကာမေးမိတော့ ပြန်ကြားတဲ့စကားကြောင့် ရှောင်းကျန့်ရယ်ချင်သွားမိသည်။

“ဆည်းတဲ့ရေ ဆည်တဲ့ကန်သင်းတဲ့ .. အဲဒါကြောင့် အပိုမကုန်သင့်တာမကုန်အောင် သားက အသေအချာ ချွေတာရမယ်လေ သားက အိမ်ထောင်ကိုဦးစီးမယ့်သူမဟုတ်လား”

ဘယ်ကဘယ်လိုကြားလာတယ်မသိပဲ သူပြောနေတဲ့စကားပုံက အိမ်ရှင်မတွေကို ရည်ညွှန်းတယ်ဆိုတာ နှာလုံးလေး မသိလေရော့လား။

ဒါဟာ ကျိန်းသေပေါက် ရွှ့မ်လုလက်ချက်ပဲနေမှာ။

“အင်းပေါ့ အင်းပေါ့ ဟုတ်တာပေါ့”

~My Mom is a Fujoshi~ (Completed)Where stories live. Discover now