Limited Feeling ∆ 1

787 27 0
                                    

အချစ်ဟူ၍ မမည်ခဲ့သော ( Uni )
==================~

မျက်လုံးကိုဇုန်မှိတ်ပြီး ရှုရှိူက်လိုက်မိလို့ ခံစားလိုက်ရတဲ့ လေထဲ ပင်လယ်ရဲ့ အငွေ့အသက်တွေ ပါဝင်နေတယ် ။ တိမ်စိုင်အကြီးကြီးတွေဟာ ကောင်းကင်ရဲ့ နေရာတော်တော်များများမှာ နေရာယူထားသည် ။ မျက်နှာပေါ်ကျရောက်နေရမဲ့ နေရောင်တွေက သူမ စောင်းထားတဲ့ ဦးထုပ်နီညိုရောင်ကြောင့်တော့ သူမရဲ့ အသားအရည်ကို ထိခွင့်မရခဲ့ဘူး ။ သူမဟာ အလှပဆုံးနဲ့အချိုမြိန်ဆုံး အပြုံးတစ်ခုကို ပြုံးရင်း ပင်လယ်လေကို ခံစားနေပုံရသည် ။

🍃  နောက်ကျနေပြီ MoMo .. ရထားမမှီဘဲ နေအုံးမယ်

ပင်လယ်လေဟာ တိုးတိုးလေး သူမကို သတိပေးလာတယ် ။ လေတွေက ပြောတဲ့ စကားသံကို သူမ ကြားနိုင်တယ်လို့ ပြောရင် ရယ်စရာဖြစ်သွားမလား ။ သူမ တစ်ကယ်ကြားရတာပါလို့ ပြောရင်ရော လှောင်ပြုံးကြမှာဘဲလား ။ ဟုတ်တာပေါ့ ဘယ်လူသားက လေတွေရဲ့ စကားပြောသံကိုကြားရမှာလဲ ။ ဒီတော့ သူမလည်း လေတွေရဲ့ စကားပြောသံကို မကြားနိုင်ဘူးလေ ။

မှိတ်ထားတဲ့ မျက်လုံးတွေဟာ တဖြည်းဖြည်းချင်း ဖွင့်လာတယ် ။ နှုတ်ခမ်းတွေဟာ ပြုံးမနေတော့ဘူး ။ ခြောက်ထောက်တွေကို သူမ စတင်ပြီး လှုပ်ရှားလိုက်တော့ ခြေလှမ်းအနည်းငယ်ဟာ ပင်လယ်ကို ကျောခိုင်းပြီးသား ဖြစ်သွားသည် ။ ညာလက်ကို မျှောက်လိုက်ရင်း သူမရဲ့ ကျောဘက်က ပင်လယ်ကြီးကို တာ့တာပြကာ နှုတ်ဆက်တယ် ။ သူမခြေလှမ်းတွေဟာ ပင်လယ်ကြီးနဲ့အဝေးဆုံးကို သူမကို ခေါ်ဆောင်သွားခဲ့သည် ။

သူမ နေတဲ့ မြို့ကနေ ဒီနယ်မြို့လေးကိုလာဖို့ ရထားနှစ်ဆင့်လောက်စီးရသည် ။ ပြီးတော့ သူမက ဂျပန်မှာနေတာ မဟုတ်ဘူး ကိုရီးယားမှာနေတာ ။ သူမရဲ့ အစစ်အမှန် အိမ်ကိုပြန်ရောက်ဖို့ဆို သူမ လေယာဉ်ထပ်စီးဖို့လိုတယ်ပေါ့ ။ အော် ပြောရအုံးမယ် ဒါဟာ ဇာတ်သိမ်းပိုင်းရဲ့ အစ ဆိုတဲ့အကြောင်း ။

🌷...

ရထားဘူတာရုံမှာ သူမစီးရမဲ့ ရထားကိုစောင့်နေရင်း နားကြပ်တပ်ပြီး သီးချင်းနားထောင်နေသည် ။ ဦးထုပ်နီညိုရောင်ကို ခပ်ငိုက်ငိုက်စောင်းထားရင်း သူမဟာ ဖုန်းက သီးချင်းသံကို မိုင်ကုန်ချဲ့ထားသည် ။ လက်ကနာရီကို တစ်ချက်ကြည့်တော့ ရထားဆိုဒ်ဖို့ အချိန်ဟာ အတော်နီးနေပြီဖြစ်၏ ။ ဘာအထုတ်အပိုး ဘာအိတ်မှ မပါတဲ့ သူမဟာ ဒီနယ်မြို့လေးကို တစ်ညအိပ်ခရီးလာခဲ့ခြင်းဖြစ်သည် ။

Limited FeelingWhere stories live. Discover now