Part-2(U+Z)

850 71 4
                                    

Unicode

ဇောချွေးများ...
ခေါင်းအုံးနဲ့ထိကပ်နေသော ဆံပင်များနှင့်ဂုတ်သားတစ်လျှောက် ချွေးများဖြင့်စိုရွဲနေလေသည်

မနက်၆:၃၀
ကျွန်တော်လန့်နိုးလာသည့်အချိန်
ပုံမှန်အတိုင်းပင်

အိပ်မက်ဆိုး...
ထိုအိပ်မက်ဆိုးကိုကျွန်တော်မက်နေသည်မှာ ၁နှစ်နီးပါးကြာလေပြီ မေ့ဖျောက်မရခဲ့သော ကျွန်တော့်ဘ၀ရဲ့ အမှတ်အသားဆိုး တစ်ခု...

ပြီးခဲ့တာတွေဘဲထားလိုက်ပါတော့လေ
ဒီ့ထက်အရေးကြီးသည့်အရာ
ကျွန်တော်အလုပ်သွားရအုံးမည်
ကုတင်ပေါ်မှဆင်းကာ အိပ်ရာသိမ်းပြီး အိမ်နောက်ဖေးသို့ထွက်လာခဲ့လိုက်သည်
မျက်နှာသစ်သွားတိုက်ရင်း ကိုယ်တစ်ခုလုံးချွေးများဖြင့်ရွဲနှစ်နေသောကြောင့် ရေပါတစ်ခါတည်းချိုးလိုက်မိသည်

မေမေ့၏ဘုရားရှိခိုးသံက ပတ်၀န်းကျင်တွင် ကျက်သရေရှိစွာ လွင့်ပျံ့လျက်...

ကျွန်တော်ရေချိုးပြီးချိန်တွင် မေမေသည်လည်း ဘုရားရှိခိုးပြီးဖြစ်လေသည်...

'သား ပြင်ဆင်ပြီး မနက်စာလာစားတော့ အလုပ်နောက်ကျဦးမယ်'

‌ပုံမှန်ကြားနေကြစကားဖြစ်သောကြောင့် ကျွန်တော် 'ဟုတ်ကဲ့ပါမေမေရေ'ဟုသာပြန်ဖြေခဲ့လိုက်မိသည်။

ကုတင်ပေါ်တွင် တင်ထားသော စတစ်ကော်လံအဖြူရောင်အင်္ကျီနှင့် ဘောင်းဘီရှည်အမည်းတို့က မေမေမီးပူတိုက်ပေးထားသည့်အတိုင်း ခေါက်လျှက်ပင်...

တိုကပ်နေသော ဆံပင်ကို ဆီနည်းနည်းထည့်ကာ လက်ဖြင့် နောက်သို့ သပ်တင်လိုက်သည် မျက်နှာနှင့်လည်ပင်းတစ်ဝိုက်ကို Nivea Cream နှင့် Nivea body lotionကို နှံ့စပ်အောင်လိမ်းလိုက်မိသည် အင်္ကျီ၀တ်ကာ ကြယ်သီးများကို လည်ပင်းထိပ်ထိ တပ်လိုက်မိသည်။ ထို့နောက် စားပွဲပေါ်ရှိ လက်ပတ်နာရီကို ပတ်လိုက်ကာ ဖုန်းနှင့်ပိုက်ဆံအိတ်ကို ဘေးလွယ်အိတ်ထဲ ထည့်လိုက်သည်။ ဘေးလွယ်အိတ်ကို လွယ်ခဲ့ပြီး မှန်တစ်ချက်ကြည့်ကာ အခန်းထဲမှထွက်ခဲ့လိုက်တော့သည်။

ကျွန်တော့်ရဲ့ မနက်စာမှာ စားနေကြအတိုင်း ပေါင်မုန့်ထောပတ်သုတ်နှင့် ကော်ဖီပင်....

ငြိုးစွဲ(U+Z)Where stories live. Discover now