Unicode
'ခက် နေလို့ကောင်းရဲ့လား'
'ကောင်းပါတယ် ဒီအတိုင်းခနလေးမေ့လဲသွားရုံပါ'
'ဆေးခန်းသွားပြချင်သေးလား..'
'တော်ပါပြီ ဘာမှဖြစ်တာလည်း မဟုတ်ဘဲနဲ့'
'အင်းပါ နေလို့မကောင်းရင်ပြောနော် ကျွန်တော် ဆေးခန်းလိုက်ပို့ပေးမယ်..'
'ဟုတ်ပါပြီဗျာ...'
ဒီနေ့ထူးဆန်းသည်။ ထူးဆန်းနေသည့်အရာက သခွပ်ဖြူပင်...သူမ မထိုင်စဖူး ဆိုင်ရှေ့တွင်ထိုင်ကာ ကျွန်တော်တို့၀န်ထမ်းတွေအားလုံးကိုအကဲခတ်နေဟန်ရှိသည်။ ထို့ကြောင့် ကျွန်တော်လည်း သူမကိုအာရုံထဲ ဆက္မထားတော့ဘဲ ကိုယ့်အလုပ်ကိုသာဆက်လုပ်နေလိုက်တော့သည်။
ခနကြာသောအခါ သခွပ်ဖြူရောက်လာတော့သည်။ ကျွန်တော်အထင်တွင် သူမသည် ပုံမှန်အတိုင်းပင် သူမ၏ရုံးခန်းထဲသို့၀င်သွားမည်ဟုထင်သော်လည်း ကျွန်တော့်မျက်လုံးဒေါင့်စွန်းတွင် သူမ၏ပုံရိပ်က ကျွန်တော်တို့ဘက်အခြမ်းသို့ လာနေသည်ဟု ထင်လိုက္မိသည်။
'ကိုခက် သခွပ်ရုံးခန်းကိုခနလာခဲ့ပေးပါလား...'
'ဗျာ ဟုတ်ကဲ့...'
ကျွန်တော် ဘာအပြစ်လုပ်ထားမိသနည်း။ ကျွန်တော့်ကိုမည်သည့်အရာတွင်မျက်စိဆံပင်မွှေးစူးနေသည်မသိ။ ပံုမှန်တွင် သခွပ်ဖြူ ၀န်ထမ်းတစ်ယောက်ကိုသူမ၏ရုံးခန်းထဲသို့ခေါ်သည်ကရှားသည်။ ခေါ်ခြင်းရှိသည်ကလည်း ကောင်းသောခေါ်ခြင်းမည်သည့်အခါမှ မဟုတ်ပေ။ ကျွန်တော် လုပ်လက်စအလုပ်ကို ခနထား၍ သူမ၏ရုံးခန်းထဲသို့သွားလိုက်တော့သည်။
"ဒေါက် ဒေါက် ဒေါက်"
'၀င်ခဲ့ပါ...'
ရုံးခန်း တံခါးပေါက်ရှိ အလှအခန်းစီးသစ်သားပြားေသးေသးများဖြင့်ကာထားေသာ မှန်ချပ်လေးကို ကျွန်တော် ခေါက်လိုက်၍ သူမပြန်ဖြေသံကြားမှသာ ကျွန်တော်အခန်းထဲသို့၀င်လိုက်တော့သည်။
'မမလေး ကျွန်တော့်ကို ခိုင်းစရာရှိလို့လား မသိဘူး'
'ခိုင်းစရာတော့မရှိပါဘူး ထိုင်လေ ကိုခက်'
YOU ARE READING
ငြိုးစွဲ(U+Z)
Teen Fictionခက်စွဲမာန် ငြိုးငယ်သစ် သခွပ်ဖြူ ဘာအကြောင်းလဲ.....HE or SE... guess readers!!!