Part-4(U+Z)

404 26 2
                                    

Unicode

'အကို ခက်..အကိုခက်...ခနလေး စောင့်ပါဦး...'

'အေး...လာလေ..ဘာပြောစရာရှိလို့လဲ...'

'ဟိုလေ..ကျွန်တော်...နေ့လည်က ဖြစ်ခဲ့တဲ့ ကိစ္စအတွက် တောင်းပန်ချင်လို့ပါ...'

'ရပါတယ်ကွာ မင်းကလဲ...ကိစ္စမရှိပါဘူး'

'ဟုတ်ကဲ့ အကို ဒါပေမဲ့ကျွန်တော် အားနာလို့ပါ..'

'ရတယ်ရတယ် ဒါနဲ့ မပြန်သေးဘူးလား နောက်တောင်နောက်‌ကျနေပြီ..'

'အကိုနဲ့ အတူတူပြန်မလို့လေ..'

'ဟမ် မင်းနဲ့ငါကပြန်ရမဲ့လမ်းတူလို့လား..'

'ဟာ အကိုကလည်း အကိုဘဲ‌နေ့လည်က ပြောတယ်လေ ညနေကျရင် အတူတူပြန်မယ်ဆို အိမ်နီးလို့တဲ့..'

'အော် အော်...အော် ငါမှတ်မိပြီဘဲ ဒါပေမဲ့ ညီလေး အကို အလုပ်တစ်ခုရှိသေးလို့တော့ မင်းအရင်ပြန်နှင့်လိုက်ပါ‌တော့လား...'

'ရတယ်လေ အဲ့ဒါဆိုလည်း ကျွန်တော်ပြန်နှင့်ပြီနော်..'

'အေးအေး..'

ဈာန်လင်းကခင်ဖို့တော့ကောင်းသား စကားပြောဆိုတာလည်း ယဉ်ကျေးတယ် အသက်က ညီလေးနဲ့ အတူတူလောက်ဘဲဖြစ်မယ် အရပ်ကတော့ ညီလေးထက်နည်းနည်းပိုရှည်လောက်မယ်...ထားပါတော့ ကျွန်တော်သခွပ်ဖြူဆီသွားရဦးမှာဘဲ။

"ဒေါက် ဒေါက် ဒေါက်"

'၀င်ခဲ့ပါ..'

ကျောပေး၍ရပ်နေသော သူမနားသို့ သွား၍ မလှမ်းမကမ်းတွင်ရပ်လိုက်မိသည်။

'ဘာကိစ္စရှိလို့လဲ...'

ကျွန်တော့်ဘက်သို့ လှည့်လိုက်သည်နှင့်တစ်ပြိုင်နက် သူမ ကိုင်ထားသော ကော်ဖီခွက်သို့ စားပွဲပေါ်သို့ချလိုက်သည်။

'ကျွန်တော် နေ့လည်က ပြောခဲ့မိတဲ့အတွက် လာတောင်းပန်တာပါ...'

'ထားလိုက်တော့ မင်းတောင်းပန်နေတဲ့အသံက တို့တောင်မင်းကို ပြန်တောင်းပန်နေရမလို ဖြစ်နေတယ်...'

'sorryပါ မမလေး ကျွန်တော် လေသံနည်းနည်းမာသလိုဖြစ်သွားတယ်'

'...'

ငြိုးစွဲ(U+Z)Where stories live. Discover now