Part-7(U+Z)

195 15 1
                                    

Unicode

ညနေ အလုပ်ဆင်းချိန်~~~

‘အစ်ကိုခက် ဒီနေ့ အတူတူပြန်ရအောင်’

‘အေး လုပ်စရာလေးတွေရှိသေးလို့ လက်စသတ်ပြီးရင် လာခဲ့မယ် ခနစောင့်နေဦး...'

' ဟုတ်ကဲ့အကို အဲ့ဒါဆို အရှေ့မှာဘဲ စောင့်လိုက်တော့မယ်...'

'အေးအေး..'

သိမ်းဆည်းရမည့် ပစ္စည်းများကို သေချာစွာ သပ်သပ်ရပ်ရပ်သိမ်းခဲ့ပြီး နေရာထိုင်ခင်းများကို သေချာ သန့်ရှင်းခဲ့လိုက်သည်။ အေပရွန်ကို ချွတ်ခဲ့ပြီး ကျွန်တော့်၏ လွယ်အိတ်နှင့် ထမင်းချိုင့် ထီးတို့ကို ယူခဲ့လိုက်ကာ ဆိုင်ထဲမှထွက်ခဲ့လိုက်တော့သည်။

ဆိုင်ရှေ့ရှိ တန်းလျားခုံ‌ပေါ်တွင်ထိုင်ကာ လမ်းမဘက်ကို ငေးကြည့်နေသော ဈာန်ကို တွေ့လိုက်သောကြောင့်
'ဈာန် သွားကြရအောင်'

'ပြီးပြီလား အစ်ကိုခက်'

'ပြီးပြီ ဘဘလည်း ဆိုင်ပိတ်ပြီးသွားပြီ'

'ဒါဆို သွားကြရအောင်'

'အေး'

ဘတ်စ်ကားလာမည့် ကားမှတ်တိုင်တွင် ကျွန်တော်တို့နှစ်ယောက် ထိုင်စောင့်နေလိုက်ကြသည်။ ညနေစောင်းဖြစ်သောကြောင့် လူအများစုသည်လည်း ကိုယ့်အိမ်သို့ ကိုပြန်သွားနေကြလေသည်။
ငြင်သာစွာတိုက်ခတ်လာသော လေပြည်ညှင်းလေးက တစ်နေကုန်ပင်ပန်းထားသမျှကို သယ်ဆောင်ပေးသွားလေသည်။ ငှက်အများစုသည်လည်း အုပ်စုလိုက် ကိုယ့်နေရပ်ဒေသဆီသို့ ပြန်သွားကြလေပြီ။ မိုးရာသီဝင်ခါစ ဖြစ်သောကြောင့် ကောင်းကင်ကြီးသည်လည်း စိတ်တိုနေသောလူကြီး၏မျက်နှာကဲ့သို့ မည်းမှောင်ကြုပ်လျှက်ရှိသည်။

မကြာမီပင် ဘတ်စ်ကား ရောက်ရှိလာတော့သည်။

နောက်နားရှိထိုင်ခုံတွင် နှစ်ယောက် လုံး ဝင်ထိုင်လိုက်ကာ ကျွန်တော်ကပင် စတင်၍ စျာန်၏တိတ်ဆိတ်နေမှုကို ဖြိုခွဲလိုက်မိသည်။

'စျာန်..'

'ဗျာ အစ်ကိုခက်..'

'အစ်ကို့ကိုလေ အစ်ကိုခက်လို့ မခေါ်ပါနဲ့လား ပေါ့ပေါ့ပါးပါးလေး ခက်ဘဲဖြစ်ဖြစ် စွဲလို့ ဘဲ ဖြစ်ဖြစ် ခေါ်ပါလား'

ငြိုးစွဲ(U+Z)Where stories live. Discover now